သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်ကို မဟန့်တားကြဖို့ ဘင်္ဂလားဒေ့ရှ်သတိပေး


မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)
မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်သပ်အစီအစဉ်ကို ဟန့်တားနှောက်ယှက်တာတွေ မလုပ်သင့်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိ တဦးက ပြောလိုက်ပါတယ်။ လတ်တလောစီစဉ်နေတဲ့ စမ်းသပ်အစီအစဉ်ဟာ အမှန်တကယ် နေရပ်ပြန်ပို့ရာမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေကို နားလည်အောင် ရည်ရွယ်တယ်လို့လည်း နိုင်ငံခြားရေးဌာန ပြည်နယ်ရေးရာဝန်ကြီး Shahriar Alam က ဒီနေ့ပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဒါကြောင့်လည်း အစီအစဉ်ကို ဘယ်သူကမှ မဟန့်တားသင့်ဘူးလို့လည်း ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ၂ နိုင်ငံကြား အရင်ကတည်းက သဘောတူထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကြောင့်ရော၊ အခြေခံအခွင့်အရေး ရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုတွေကြောင့်ပါ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေရဲ့ ဆန္ဒမပါဘဲ နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ သတိပေးနေကြတာပါ။ ဘင်္ဂလားဒေ့ရှ် သံအရာရှိကတော့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံမှုရှိအောင် နေရပ်ပြန်နိုင်ဖို့ ရည်ရွယ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG