သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် အကူအညီ ဒေါ်လာသုံးသန်းကျော် UK ထောက်ပံ့မည် 


Bangladesh Rohingya
Bangladesh Rohingya

ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေါင် ၃ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၃.၇ သန်း ရံပုံငွေထည့်ဝင်မယ်လို့ ယူကေ က အင်္ဂါနေ့က ကြေညာလိုက်ကြောင်း တူရကီသတင်းဌာန Anadolu က ဖော်ပြပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းရေးနဲ့ မိလ္လာရေဆိုးနှုတ်စနစ်ဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ချက်ပြုတ်စရာလောင်စာတွေကို Cox’s Bazar နဲ့ ဘာဆန်ချာ (Bhasan Char) က ဒုက္ခသည်တွေရရှိနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို ပေါင် ၃ သန်းထည့်ဝင် ကြောင်း နိုင်ငံခြား ဓနသဟာယ နဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံးက ဒုတိယ အမြဲတန်း အတွင်းဝန် ဆာ ဖိလစ် ဘာတန် (Sir Philip Barton) က ကြေညာလိုက်တာပါ။

သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ကို ၂ ရက်ကြာခရီးအဖြစ် တနင်္လာနေ့က ရောက်ရှိသွားခဲ့ပါတယ်။ မစ္စတာဘာတန်ဟာ ပဉ္စမအကြိမ်မြောက် ယူကေ ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာဆွေးနွေးပွဲကိုတက်ရောက်ဖို့ ရောက်နေတာဖြစ်ပါတယ်။

“အခြေအနေ ပေးလာတဲ့အခါ လုံခြုံစိတ်ချ၊ မိမိသဘောအလျောက် ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံကိုပြန်နိုင်အောင် ရေရှည်အဖြေတရပ်ရရှိဖို့အတွက် ကျနော်တို့ ဆက်လက် တွန်းအားပေးမှာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေတိုင်အောင် ယူကေ က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က အိမ်ရှင်အဖြစ်လက်ခံထားတဲ့ အသိုက်အဝန်းတွေကို ယူကေက ဆက်လက် ထောက်ခံနေမှာ ဖြစ်ပါတယ်။ လို့လည်း မစ္စတာဘာတန်က ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်း ဟာ မြန်မာနိုင်ငံကနေ အဓမ္မလုပ်ရပ်တွေကြောင့် ထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စ်ဘဇား (Cox's Bazar) နဲ့ ဘင်္ဂလားပင်လယ်အော်ထဲ က ကျွန်း ဘာဆန်ချား Bhasan Char မှာ ကြပ်ကြပ်ညပ်ညပ် ကြပ်ကြပ်တည်းတည်း နဲ့ နေထိုင်နေကြရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG