သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ထောက်ပံ့မှု မဖြတ်ဖို့ ယူကေအစိုးရကိုတောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပေးနေတဲ့ အကူအညီတွေကို ယူကေအစိုးရက ဖြတ်တောက်လိုက်တဲ့အတွက် အကူအညီတွေ ပြန်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာဌာနတို့ကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စတာလင်ပေါင် ၃ သန်း လူသားချင်း စာနာမှုအကူအညီ ပေးမယ့်အကြောင်း ယူကေအစိုးရက မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ဒီနှစ် ဘဏ္ဍာရေးနှစ် နှစ်ဝက်အထိ သုံးကြိမ်ကြေညာထားတဲ့ အကူအညီ စုစုပေါင်း စတာလင်ပေါင် ၁၆ ဒသမ ၉ သန်း ပေးမယ်လို့ပြောပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်‌ နောက်ပိုင်းမှာ ယူကေက ပေးတဲ့ အကူအညီ ၈၅% ဖြတ်တောက်လိုက်တာ ဖြစ်တဲ့အကြောင်း Burma Campaign UK အဖွဲ့က ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ယူကေက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ပေါင် ၁၁၂ ဒသမ ၃၆ သန်း ပေးအပ်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ လျော့နည်းလာတဲ့အတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ရိက္ခာ ခွဲတမ်းတွေ ဖြတ်တောက်ခဲ့ပါတယ်။ အရင်က တလကို ၁၂ ဒေါ်လာ ထောက်ပံ့နေတာကနေ ၈ ဒေါ်လာအထိ ဖြတ်တောက်ခဲ့ပါတယ်။

ဒီလို ရိက္ခာအကူအညီ ဖြတ်တောက်တဲ့အတွက် ဒုက္ခသည်တွေအကြား အဟာရ ချို့တဲ့တာ၊ မွေးကင်းစကလေးငယ် သေဆုံးမှုနဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။ ဒီလို နိုင်ငံတကာအကူအညီတွေ လျော့နည်းနေချိန်မှာ ယူကေက ပေးနေတဲ့ အကူအညီတွေကိုလည်း လျှော့မပစ်ဖို့ Burma Campaign UK အဖွဲ့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG