သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်က TJC ကုမ္ပဏီက မြန်မာက ကျောက်မျက်တွေ တင်မရောင်းဖို့ဆုံးဖြတ် 


ရန်ကုန်မြို့မှာကျင်းပတဲ့ ရန်ကုန် နိုင်ငံတကာလက်ဝတ်ရတနာပြပွဲအတွင်း တွေ့ရတဲ့ လက်ဝတ်ရတနာများ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)
ရန်ကုန်မြို့မှာကျင်းပတဲ့ ရန်ကုန် နိုင်ငံတကာလက်ဝတ်ရတနာပြပွဲအတွင်း တွေ့ရတဲ့ လက်ဝတ်ရတနာများ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)

UK နိုင်ငံမှာ အွန်လိုင်းက လက်ဝတ်ရတနာပစ္စည်း ရောင်းချတဲ့ အကြီးဆုံးကုမ္ပဏီကြီးတခုဖြစ်တဲ့ TJC ဆိုင်ကြီးက မြန်မာနိုင်ငံက ပတ္တမြားလို ကျောက်မျက်ရတနာပစ္စည်းတွေ ရောင်းချမှာ မဟုတ်တဲ့အကြောင်း ဆုံးဖြတ်လိုက်တာကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ကြီးက ကြိုဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ မရောင်းချဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့၊ အွန်လိုင်းမှာ မှားယွင်း ကြော်ငြာထားတာတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း TJC က Burma Campaign UK ကို စာရေး အကြောင်းကြားထားပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ တန်ဖိုးထားရမှာတွေနဲ့ စိုးရိမ်စရာကိစ္စတွေကို ထပ်တူ နားလည်ခံစားမိတဲ့အကြောင်း TJC ဘက်က အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ အကြီးမားဆုံး ကျောက်မျက်ရတနာ လက်လီရောင်းချနေတဲ့ ကုမ္ပဏီပေါင်း (၄၀) ကို သူတို့ ရောင်းချနေတဲ့ ကျောက်မျက်တွေဟာ မြန်မာနိုင်ငံက ထွက်ရှိတာမဟုတ်ပါဘူးဆိုတာ သက်သေပြဖို့ Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုခဲ့ပါတယ်။ လက်ဝတ်ရတနာ လက်လီရောင်းချတဲ့ ကုမ္ပဏီအများစုဟာ သူတို့ရောင်းနေတဲ့ ပတ္တမြားစတဲ့ ကျောက်မျက်တွေနဲ့ ပတ်သက်လို့ မူရင်းနိုင်ငံကို သတ်မှတ်မထားဘူးလို့ Burma Campaign UK အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner က VOA ကို ပြောပါတယ်။

အခုလို မြန်မာ့ကျောက်မျက်ရတနာတွေ ရောင်းချတဲ့အတွက် မြန်မာစစ်တပ်ဆီကို အဓိက ဝင်ငွေပေးမယ့် အန္တရာယ်တွေရှိနေတာကို လက်လီရောင်းချနေတဲ့ ကုမ္ပဏီတချို့က သတိမပြုကြတဲ့အတွက် အသိပေးတဲ့ လှုပ်ရှားမှု ကို ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်းကို ထိန်းချုပ်ထားပြီး အဲဒီကရတဲ့ ဝင်ငွေတွေကို ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် လက်နက်ပစ္စည်းကိရိယာတွေ ဝယ်ယူရာမှာ အသုံးပြုနေကြောင်း Burma Campaign UK ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်က TJC ကုမ္ပဏီက မြန်မာက ကျောက်မျက်တွေ တင်မရောင်းဖို့ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG