သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နေ့မှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေ ဗြိတိန်ကြေညာ


၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ (မတ် ၂၇၊ ၂၀၂၃)
၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ (မတ် ၂၇၊ ၂၀၂၃)

မြန်မာစစ်တပ်က တပ်မတော်နေ့အဖြစ် စစ်အင်အားပြတဲ့ အခမ်းအနားတွေ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ဗြိတိန်နိုင်ငံက နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေကို ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီရအောင် ဝန်ဆောင်မှုပေးနေတဲ့ စီးပွားရေးလုပ်ငန်းနောက်တခုနဲ့ တာဝန်ရှိသူ လူပုဂ္ဂိုလ်တယောက်ကို ထပ်မံဖြည့်စွက် အရေးယူလိုက်ကြောင်း ဗြိတိန်အစိုးရက ဒီကနေ့ပဲ ကြေညာလိုက်တာပါ။
အတိုက်အခံ အင်အားစုတွေအပေါ် လေကြောင်းက ထိုးစစ်တွေကြောင့် အရပ်သားတွေပါ သေကြေထိခိုက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဖို့ တိုက်တွန်းနေချိန်မှာပဲ ဗြိတိန်အစိုးရက လေယာဉ်ဆီ တင်သွင်းတဲ့ လုပ်ငန်းတချို့နဲ့ လုပ်ငန်းရှင်တွေကို အရေးယူနေတာ ဖြစ်ပါတယ်။ နောက်ထပ် အရေးယူဒဏ်ခတ်မှုဟာ မြန်မာစစ်တပ်အတွက် လောင်စာဆီနဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေ ရရှိမှုကို ကန့်သတ်ဖို့ ရည်ရွယ်ကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ မြန်မာစစ်တပ်အပေါ် ဖိအားပေးဖို့ ဗြိတိန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှုအသစ်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပေမယ့် ဒီထက်ပို ထိရောက်အောင်လုပ်ဖို့လည်း တိုက်တွန်းနေကြပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကတော့ ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်မှုတွေဟာ ပစ်မှတ်ကိုထိပေမယ့် အကောင်အထည်ဖော်ရာမှာ နှေးကွေးလွန်းတယ်လို့လည်း Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Anna Roberts ကေကြညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ စစ်တပ်ကို အထောက်အပံ့ ပေးနေသူတွေကို ပစ်မှတ်ထားတဲ့ အလားတူ ဒဏ်ခတ်မှုမျိုး အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာခဲ့ပြီးနောက် ဗြိတိန်က အခုနောက်ထပ် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG