သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တခ်ိဳ႕ပါတဲ့ လူပုဂၢိဳလ္ ၁၉ ဦး အီးယူ ဒဏ္ခတ္


ဆႏၵျပပြဲေတြကို ၿဖိဳခြင္းခဲ့တဲ့ စစ္ေကာင္စီတပ္သားမ်ား (ေဖေဖာ္ဝါရီလ ၁၅ ရက္၊ ၂၀၂၂)

အာဏာသိမ္း စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြ ပါတဲ့ လူပုဂၢိဳလ္ ၁၉ ေယာက္ နဲ႔ စစ္ေကာင္စီ ကို EU ဥေရာပသမဂၢက ပိတ္ဆို႔ အေရးယူမႈအသစ္ ဒီကေန႔ ခ်မွတ္လိုက္ပါတယ္။

လူပုဂၢိဳလ္ေတြထဲမွာ စစ္တပ္က အရာရွိႀကီးေတြ၊ တရားေရးနဲ႔ အက်ဥ္းဦးစီးဌာန အရာရွိေတြအျပင္ စီးပြားေရးလုပ္ငန္းရွင္ေတြျဖစ္တဲ့ ဦးေတဇ၊ ဦးႏိုင္ထြဋ္ေအာင္နဲ႔ ဦးေအာင္မိုးျမင့္ တို႔လည္း ပါပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ ဦးေအာင္မ်ိဳးျမင့္ဟာ စစ္တပ္အတြက္ လက္နက္ေတြ ဝယ္ရာမွာ အက်ိဳးေဆာင္ေပး ခဲ့သလို၊ ဦးေတဇ နဲ႔ ဦးႏိုင္ထြဋ္ေအာင္ တို႔ကေတာ့ ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆိုးဆိုး႐ြား႐ြား ျဖစ္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြနဲ႔ ဆက္စပ္ၿပီး စစ္တပ္ကို ေငြေၾကး ပံ့ပိုးခဲ့သူေတြ ျဖစ္တယ္လို႔ အီးယူရဲ႕ ဒဏ္ခတ္မႈ ဆုံးျဖတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ဦးကံေဇာ္၊ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ အစိုးရ တရားစြဲဆိုေရး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေဆြေဆြေအာင္၊ အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္မင္း၊ အင္းစိန္ ေထာင္ပိုင္ႀကီး ဦးေဇာ္လင္းေအာင္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒ ဦးသန္းေဆြ၊ စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ေတြ ျဖစ္ၾကတဲ့ ဦးကိုကိုလြင္ နဲ႔ ဦးမင္းမင္းဦး တို႔လည္း အခုေနာက္ဆုံး အီးယူရဲ႕ ဒဏ္ခတ္စာရင္းမွာ ပါဝင္ၾကပါတယ္။ စစ္တပ္ က ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဖုန္းျမတ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သက္ပုံ နဲ႔ အျခား ဗိုလ္ခ်ဳပ္ေတြလည္း စာရင္း မွာ ပါဝင္ၾကတာ ကို ေတြ႕ရပါတယ္။

အီးယူက အခုလို ဒဏ္ခတ္မႈကို ယူေကႏိုင္ငံအေျခစိုက္ ျမန္မာ့အေရး လႈပ္ရွားမႈအဖြဲ႕ Burma Campaign UK က ႀကိဳဆိုၿပီး အျမန္ဆုံး လက္ေတြ႕ အေကာင္အထည္ ေဖာ္ဖို႔ တိုက္တြန္း ေတာင္းဆိုပါတယ္။

"ျမန္မာစစ္တပ္က ေလေၾကာင္း က တိုက္ခိုက္၊ လက္နက္ႀကီးေတြ နဲ႔ ပစ္ခတ္၊ ဖမ္းဆီး တာေတြ ေန႔စဥ္ ပိုမို လုပ္လာေနတာေၾကာင့္ အီးယူအေနနဲ႔ အေရးတႀကီး တုံ႔ျပန္ဖို႔ လိုအပ္ပါတယ္။ ျမန္မာ စစ္တပ္ က ေငြေၾကး နဲ႔ လက္နက္ ရရွိေနတဲ့ လမ္းေၾကာင္းေတြ ကို ျဖတ္ေတာက္မွ လူေတြ ကို ကယ္တင္ႏိုင္မွာပါ" လို႔ Burma Campaign UK ရဲ႕ ဒါ႐ိုက္တာ Mark Farmaner က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ပါတဲ့ လူပုဂ္ဂိုလ် ၁၉ ဦး အီးယူ ဒဏ်ခတ်


အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါတဲ့ လူပုဂ္ဂိုလ် ၁၉ ယောက် နဲ့ စစ်ကောင်စီ ကို EU ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူမှုအသစ် ဒီကနေ့ ချမှတ်လိုက်ပါတယ်။

လူပုဂ္ဂိုလ်တွေထဲမှာ စစ်တပ်က အရာရှိကြီးတွေ၊ တရားရေးနဲ့ အကျဉ်းဦးစီးဌာန အရာရှိတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ၊ ဦးနိုင်ထွဋ်အောင်နဲ့ ဦးအောင်မိုးမြင့် တို့လည်း ပါပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မျိုးမြင့်ဟာ စစ်တပ်အတွက် လက်နက်တွေ ဝယ်ရာမှာ အကျိုးဆောင်ပေး ခဲ့သလို၊ ဦးတေဇ နဲ့ ဦးနိုင်ထွဋ်အောင် တို့ကတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေနဲ့ ဆက်စပ်ပြီး စစ်တပ်ကို ငွေကြေး ပံ့ပိုးခဲ့သူတွေ ဖြစ်တယ်လို့ အီးယူရဲ့ ဒဏ်ခတ်မှု ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အစိုးရ တရားစွဲဆိုရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ အင်းစိန် ထောင်ပိုင်ကြီး ဦးဇော်လင်းအောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ၊ စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးကိုကိုလွင် နဲ့ ဦးမင်းမင်းဦး တို့လည်း အခုနောက်ဆုံး အီးယူရဲ့ ဒဏ်ခတ်စာရင်းမှာ ပါဝင်ကြပါတယ်။ စစ်တပ် က ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ နဲ့ အခြား ဗိုလ်ချုပ်တွေလည်း စာရင်း မှာ ပါဝင်ကြတာ ကို တွေ့ရပါတယ်။

အီးယူက အခုလို ဒဏ်ခတ်မှုကို ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ကြိုဆိုပြီး အမြန်ဆုံး လက်တွေ့ အကောင်အထည် ဖော်ဖို့ တိုက်တွန်း တောင်းဆိုပါတယ်။

"မြန်မာစစ်တပ်က လေကြောင်း က တိုက်ခိုက်၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်၊ ဖမ်းဆီး တာတွေ နေ့စဉ် ပိုမို လုပ်လာနေတာကြောင့် အီးယူအနေနဲ့ အရေးတကြီး တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ မြန်မာ စစ်တပ် က ငွေကြေး နဲ့ လက်နက် ရရှိနေတဲ့ လမ်းကြောင်းတွေ ကို ဖြတ်တောက်မှ လူတွေ ကို ကယ်တင်နိုင်မှာပါ" လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

XS
SM
MD
LG