သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ရောက် ရိုဟင်ဂျာအမှု ဂမ်ဘီယာနဲ့အတူ ပြင်သစ်ပါဝင်မည် 


BANGLADESH-FRANCE-POLITICS-DIPLOMACY
BANGLADESH-FRANCE-POLITICS-DIPLOMACY

နိုင်ငံတကာတရားရုံးကိုရောက်နေတဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုမှာ ပြင်သစ် က ဝင်ရောက်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတ အီမင်န်နျူရယ် မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာတို့ရဲ့ ပူးတွဲကြေညာချက်မှာ ပြောလိုက်ပါတယ်။

ဒီ ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့တာပါ။ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတကာတရားရုံးရောက် ဂမ်ဘီယာနဲ့ မြန်မာ နိုင်ငံအမှုမှာ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်ကလည်း ဝင်ရောက် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အခြေအနေကိုဆက်လက်ထိန်းထားပြီး ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စက နိုင်ငံတကာလုပ်ငန်းစဥ်တွေမှာ ဦးစားပေးလုပ်ငန်းစဥ်အဖြစ် ဆက်လက် ပါဝင်နေအောင်လုပ်ဖို့လည်း နှစ်နိုင်ငံလုံးက ကတိကဝတ်ပြုလိုက်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မိမိသဘောအလျောက်၊ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိနဲ့ တာရှည်တည်တံ့တဲ့ အိမ်အပြန်ခရီးဖြစ်အောင် မြန်မာနိုင်ငံအတွင်း အခြေအနေတွေဖန်တီးဖို့လိုအပ်တာကိုလည်း နှစ်နိုင်ငံလုံးက ထပ်မံ ပြောလိုက်ကြပါတယ်။ ရိုဟင်ဂျာတွေရဲ့နေရပ်ကို ဘိုးစဥ်ဘောင်ဆက် အစောပိုင်းကာလ‌ကတည်းက နေထိုင်ခဲ့ကြရာအရပ်အဖြစ်လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလား‌ဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးရဲ့ အစီအစဥ်တွေအတွက် ယူရို ၁ သန်းကိုလည်း ပြင်သစ်နိုင်ငံက လှူဒန်းကြောင်း ကြေညာပါတယ်။ ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာခရီးရောက်နေခဲ့တာဖြစ်ပြီး ဒက္ကာမြို့ကနေ တနင်္လာနေ့မှာ ပြန်လည်ထွက်ခွါသွားပြီ ဖြစ်ပါတယ်။ ဒီခရီးဟာ ပြီးခဲ့တဲ့ ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတ တယောက်ရဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်ခရီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG