သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုကန့်ကွက်တဲ့ ပင်စင်သက်တမ်းတိုးဥပဒေ ပြင်သစ်သမ္မတ အတည်ပြု


အငြိမ်းစားယူခွင့်နဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲရေးမူဥပဒေမူကြမ်းကို ပြင်သစ် မြို့တော်ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြနေကြသူများ။ (ဧပြီ ၁၄၊ ၂၀၂၃)
အငြိမ်းစားယူခွင့်နဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲရေးမူဥပဒေမူကြမ်းကို ပြင်သစ် မြို့တော်ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြနေကြသူများ။ (ဧပြီ ၁၄၊ ၂၀၂၃)


{{Zawgyi/Unicode}}

ပြင်သစ်နိုင်ငံမှာ ဆန္ဒပြကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ အငြိမ်းစားယူခွင့် ပင်စင်နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးဥပဒေမူကြမ်းကို သမ္မတ Emmanuel Macron က စနေနေ့ညမှာလက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်တည်ပြုလိုက်ပါတယ်။ အာရုံတက်ချိန်မတိုင်မီ တရားဝင်ပုံနှိပ်မှတ်တမ်းတင်ပြီးရင် ဒီဥပဒေ အတည်ဖြစ်သွားပါပြီ။

ဒီလိုအတည်ပြုပြဌာန်းလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကောင်စီက သောကြာနေ့မှာအတည်ပြုပြီးနောက် ဆက်လက်လုပ်ဆောင်ခဲ့တာပါ။ ဥပဒေအသစ်အရ ပင်စင်ယူခွင့်ကို အသက် ၆၂ နှစ်ကနေ ၆၄ နှစ်အထိ တိုးမြှင့်လိုက်တဲ့အတွက် အလုပ်သမားတွေဟာ နောက်ထပ် ၂ နှစ် အလုပ်ပိုလုပ်ရမှာဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ လက်ဝဲနိုင်ငံရေးအင်အားစုတွေကတော့ မေလ ၁ ရက်နေ့ အလုပ်သမားနေ့မှာ အကြီးအကျယ် ဆန္ဒပြဖို့လှုံ့ဆော်လိုက်ကြပါတယ်။

လက်ရှိ ပြင်သစ်အကြပ်အတည်းနဲ့ပတ်သက်ပြီး တနင်္လာနေ့ညနေပိုင်းမှာ သမ္မတ မာခရွန်က တိုင်းပြည်ကိုရှင်းလင်းပြောကြားဖို့ရှိပါတယ်။ သမ္မတမာခရွန်ရဲ့ ဒုတိယသက်တမ်းမှာ အလုပ်သမားသမဂ္ဂတွေနဲ့ လက်ဝဲနိုင်ငံရေးအင်အားစုတွေက အဓိကစိန်ခေါ်မှုတွေဖြစ်ပါတယ်။

ဒါဟာ ဆန္ဒပြလှုပ်ရှားမှုကိုမထီမဲ့ပြင်ပြုလိုက်တာပဲလို့ ဆိုရှယ်လစ်ခေါင်းဆောင် Olivier Faure ကပြောဆိုခဲ့သလို လက်ဝဲ လွှတ်တော်အမတ် Francois Ruffin ကတော့ ဒီမိုကရေစီစနစ်ကိုဖျက်စီးတာပဲလို့ ပြောခဲ့ပါတယ်။ ပြင်သစ်ကွန်မြူနစ်ပါတီခေါင်းဆောင် Jean Luc Melenchon ကတော့ ညသန်းခေါင်မှာ ဥပေဒကို သူခိုးတွေက အတည်ပြုလိုက်ကြတယ်လို့ ပြောလိုက်ပြီး မေလ ၁ ရက်နေ့အားလုံး လမ်းပေါ်ထွက်ကြလို့ လှုံ့ဆော်လိုက်ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် Elisabeth Borne ကတော့ ပြုပြင်ပြောင်းလဲရေးတွေဆက်လုပ်သွားမှာဖြစ်ပြီး ဒါဟာ ပြင်သစ်ရဲ့အလုပ်စွမ်းအားကိုမြှင့်တင်ဖို့နဲ့ အခွင့်အရေးညီမျှမှုကိုအာမခံဖို့အတွက် လုပ်တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}




အလုပျသမားသမဂ်ဂတှနေဲ့ လကျဝဲနိုငျငံရေးအငျအားစုတှကေတော့ မလေ ၁ ရကျနေ့ အလုပျသမားနေ့မှာ အကွီးအကယြျ ဆန်ဒပွဖို့လှုံ့ဆောျလိုကျကွပါတယျ။




XS
SM
MD
LG