သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဆန္ဒပြမှု ဝန်ကြီးချုပ် တာဝန်ယူတောင်းပန်


ပြင်သစ်အစိုးရကို လှုပ်ခါသွားစေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး ပထမဆုံးအကြိမ်အဖြစ် သမ္မတ Emmanuel Macron က ရိုကျိုးပေမယ့် ခိုင်မာစွာ လူထုရှေ့မှောက်မှာ တောင်းပန်ခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့သမျှတွေမှာ သူ့အနေနဲ့လည်း တာဝန်ရှိကြောင်း၊ သူပြောဆိုမှုတွေဟာ တချို့လူတွေကို ထိခိုက် စေနိုင်ခဲ့တဲ့အကြောင်း တနင်္လာနေ့ညက နိုင်ငံလုံးကို ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပင်စင် လစာတွေအပေါ် အခွန်ငွေ တိုးကောက်မှုဟာလည်း မတရားဘူးလို့ သူယူဆကြောင်း Macron က ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသထွက်မှုတွေဟာ၊ အထူးသဖြင့် ပြင်သစ် ကျေးလက်တောရွာ လူထုကြား အနှစ် ၄၀ ကြာ မကျေနပ်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေဟာ စီးပွားရေးနဲ့ လူမှုရေး အရေးပေါ် အခြေအနေဖြစ်တယ်လို့ သမ္မတက ကြေညာလိုက်ပါတယ်။

ပင်စင်လစာတွေအပေါ် အခွန်ငွေ ဖြတ်တောက်မှုနဲ့အတူ အနည်းဆုံးလစာကို အစိုးရက ဒေါ်လာ ၁၁၃ ဒေါ်လာ ထောက်ပံ့ပေးဖို့ ရှိပါတယ်။ အချိန်ပို လခအပေါ် အခွန်ငွေ ကောက်ခံမှုကိုလည်း ဖျက်သိမ်းလိုက်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့ အလုပ်သမားတွေကို နှစ်ကုန် အထူးဆုကြေးအဖြစ် အခွန်မဲ့ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

သမ္မတ Macron က လမ်းမပေါ် ဆန္ဒပြသူတွေအနေနဲ့ ပြူတွင်းပေါက်တွေခွဲတာ၊ ဆိုင်တွေဝင်လုတာ၊ ရဲတွေကို တိုက်ခိုက်တာတွေအပေါ် သူ့အနေနဲ့ အလျော့ပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။

ဆန္ဒပြသူတွေ အဓိက တောင်းဆိုတဲ့ သူရာထူးက နုတ်ထွက်ပေးရေးကိုတော့ Macron က လိုက်နာဖို့ ဘယ်လိုမှ အရိပ်လက္ခဏာ မပြခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG