သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေး အကူအညီပေးကြဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Shahabuddin (စက်တင်ဘာ ၇၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Shahabuddin (စက်တင်ဘာ ၇၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရေးမှာ နိုင်ငံတကာက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Shahabuddin က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဒီကနေ့ ပြောဆိုသွားပါဝယ်။

“(ရိုဟင်ဂျာတွေ) ဘေးကင်းစွာ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်ရေးနဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အလုံအလောက် မရရှိတဲ့အချက်တွေက ဒေသတခုလုံးအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒီ အရေးကြီးတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းဝိုင်းက အရေးတကြီး ဆောင်ရွက်ပေးကြဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောသွားတာပါ။

အတင်းအကြပ် နေရပ်ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည် တသန်းနှစ်သိန်းကို လူသားချင်းစာနာမှုအရ ဝန်ကြီးချုပ် Sheikh Hasinah အစိုးရက လက်ခံ ခိုလှုံခွင့် ပေးထားတဲ့အကြောင်း၊ ဒီအကျပ်အတည်း ရင်ဆိုင်ခဲ့ရတာ ၇ နှစ် ကြာလာခဲ့ပေမဲ့ ဒုက္ခသည်အရေး ဖြေရှင်းနိုင်တဲ့ အခြေအနေကို မတွေ့ရသေးတဲ့အကြောင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဆောင်ရွက်နိုင်တဲ့တိုင်းအတာ အကန့်အသတ်ကို ကျော်လာတော့မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်းက စခဲ့တဲ့ ဒီပြဿနာအတွက် ရေရှည် အဖြေရှာနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း လုပ်ဆောင်ပေးကြပါလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတက ဆက်ပြောခဲ့ပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀၀ ကို နှစ်မကုန်ခင် မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူထားတဲ့အကြောင်း တိုးတက်မှုတခုဖြစ် ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်တဲ့ The Daily Star သတင်းမှာ ရေးသားထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို၊ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် စစ်ကောင်စီ တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေ အပေါ် ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျုးလွန်ခဲ့သူတွေ ဖြစ်တဲ့အကြောင်းနဲ့ နေရပ်ပြန်ပို့ရေးမှာ ဒုက္ခသည်တွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားဖို့လိုသလို ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို အသိအမှတ်ပြုတဲ့၊ လုံခြုံရေးကို အာမခံနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖို့ The Daily Star သတင်းစာက တိုက်တွန်းရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG