သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ခံရတဲ့ မြန်မာဘဏ်တွေနဲ့ အဆက်ဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ညွှန်ကြား 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် (ဇူလိုင် ၁၉၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် (ဇူလိုင် ၁၉၊ ၂၀၂၃)

အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံပိုင် ဘဏ်တွေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေ မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေနဲ့ လုပ်ငန်းတွေ မလုပ်ဖို့ ဗဟိုဘဏ်က ဘင်္ဂလားဒေ့ရှ်ဘဏ်လုပ်ငန်းတွေကို ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒဏ်ခတ်ခံထားရတဲ့ မြန်မာနိုင်ငံက MFTB နဲ့ MICB ဘဏ်တွေ အပ်နှံထားတဲ့ ဒေါ်လာတသန်းကျော်ကို ထုတ်သွင်းခွင့် ပိတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်ကလည်း ပြီးခဲ့တဲ့ လထဲမှာပဲ ကြေညာထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ် ၈၀ လောက်နဲ့ လုပ်ငန်း ၃၀ လောက်အပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ် ထားပါတယ်။ MFTB နဲ့ MICB ဘဏ်တွေနဲ့ ဆက်ပြီးချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပြီးနောက် ဒေသတွင်း နိုင်ငံတွေက ဘဏ္ဍာရေးအရ အဆက်အဆံတွေ ဖြတ်တောက်လာကြတာပါ။

စင်္ကာပူနိုင်ငံရဲ့ အဓိက ဘဏ်ကြီးတခုဖြစ်တဲ့ United Overseas Bank (UOB) ကလည်း မြန်မာနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက် လုပ်ဆောင်နေတဲ့ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG