သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူ UOB ဘဏ် မြန်မာနဲ့ အဆက်ဖြတ်ဖို့ပြင်


စင်ကာပူ UOB ဘဏ်

စင်္ကာပူနိုင်ငံရဲ့ အဓိက ဘဏ်ကြီးတခုဖြစ်တဲ့ United Overseas Bank UOB က မြန်မာနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက် လုပ်ဆောင်နေတဲ့ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာထားပြီး ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် ကမ္ဘာ့ငွေကြေးစနစ်ထဲ မြန်မာစစ်ခေါင်းဆောင်တွေ ပါဝင် အသုံးပြုခွင့် သိသိသာသာ ထိခိုက်စေလိမ့်မယ်လို့ Nikkei Asia သတင်းမှာ ဒီနေ့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဘက်က ဘဏ်တွေကတဆင့် ငွေသွင်းတာ၊ ငွေထုတ်တာ အားလုံးကို ကန့်သတ်မှာဖြစ်ပြီး UOB အတွင်း ငွေကြေး လွှဲပြောင်းတာကိုသာ ခွင့်ပြုမှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ဘဏ်တွေဆီကို လျှို့ဝှက် အကြောင်းကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာဘဏ်တွေကို Visa နဲ့ Master Card အကြွေးဝယ်ကဒ်သုံး ဝယ်ယူမှုတွေကို ထိန်းချုပ်ဟန့်တားသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ဘဏ်တွေ ဟောင်ကောင်မှာ နိုင်ငံခြားငွေ လက်ခံနိုင်အောင် လက်ခွဲဖွင့်ထားတဲ့ Nostro ဘဏ်အကောင့်တွေကိုလည်း ပိတ်တော့မယ်လို့ ပြောဆိုထားပါတယ်။ စင်္ကာပူ UOB ဘဏ်ဟာ မြန်မာစစ်ကောင်စီအကြီးအကဲတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချမ်းသာကြွယ်ဝသူတွေ ပြည်ပမှာ အသုံးပြုတဲ့ အဓိက ဘဏ်တခု ဖြစ်တဲ့အကြောင်းလည်း Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်အစိုးရ အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့ ဆက်လက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။ အဲဒီဘဏ် ၂ ခုနဲ့ ချိတ်ဆက်လုပ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ငွေအသွင်းအထုတ်တွေကို ဩဂုတ်လ ၅ ရက်နေ့မှာ ရပ်ဆိုင်းဖို့ အမေရိကန်ဘဏ္ဍာရေးဌာနက အချိန်သတ်မှတ်ခဲ့ပြီး စောင့်ကြည့်သွားမယ့် အကြောင်း သတိပေးခဲ့ပါတယ်။

စင်္ကာပူ UOB ဘဏ် မြန်မာနဲ့ အဆက်ဖြတ်ဖို့ပြင်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG