သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူ UOB ဘဏ် မြန်မာဘဏ်တွေနဲ့ အဆက်သွယ်ဖြတ်


Singapore United Overseas Bank (UOB) (photo: copy image of UOB official website)

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အစီစဉ်ရ စင်္ကာပူနိုင်ငံက United Overseas Bank (UOB)က သောကြာနေ့က စတင်ပြီး မြန်မာနိုင်ငံက ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ် တောက်လိုက်ပါတယ်။

မြန်မာဘဏ် အကောင့်တွေကနေလာတဲ့ ငွေသွင်းငွေထုတ်၊ အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်မှာဖြစ်ပြီး၊ Visa Card, Mastercard စတဲ့ ဘဏ်ကဒ်ပြား အသုံးပြုမှုဆိုင်ရာ ငွေသွင်းငွေလွှဲလုပ်ငန်းအားလုံးကိုလည်း ထိန်းချုပ်ကန့်သတ်လိုက်မှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုဟာ ကမ္ဘာ့အသိုင်းအဝိုင်းကနေ မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့် လုပ်ဆောင်လာတာဖြစ်ပါတယ်။

UOB ဘဏ်ဟာ မြန်မာနိုင်ငံကဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ဘဏ်တခုလည်းဖြစ်ပါတယ်။ အခုလို UOB က လုပ်ဆောင်လိုက်တဲ့အတွက် အခြားနိုင်ငံရပ်ခြား ဘဏ်တွေအနေနဲ့လည်း အလားတူ ထိန်းချုပ်ပိတ်ဆို့မှုတွေ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောဆိုထားပါတယ်။

Curtin တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းကတော့ မြန်မာစစ်ကောင်စီဟာ ဒီဘဏ်တွေကနေတဆင့် ငွေလွှဲပြီး လက်နက်တွေ ဝယ်ယူနေတာဖြစ်တဲ့အတွက်၊ မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ဖို့ ပိုမိုခက်ခဲသွားမယ်လို့ သုံးသပ်ပြောဆိုပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာကနေ ဖိအားပေး ပိတ်ဆို့မှုတွေ ပိုမို လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

စင်္ကာပူ UOB ဘဏ် မြန်မာဘဏ်တွေနဲ့ အဆက်သွယ်ဖြတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG