သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နစ်နာမှုအတွက် Facebook လျော်ကြေးပေးဖို့ AI အဖွဲ့တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းသုတ်သင်ရာမှာ Facebook ရဲ့ တာဝန်မကင်းခဲ့တာကြောင့် မိခင်ကုမ္ပဏီဖြစ်တဲ့ META က နစ်နာကြေး အမြန်ဆုံးပေးဖို့ နိုင်ငံတကာ လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး ၆ နှစ်ပြည့်ချိန်အထိ နစ်နာမှုတွေအတွက် တာဝန်ယူမှု မရှိသေးဘူးလို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

META ကုမ္ပဏီဟာ အမြတ်အစွန်းရဖို့ကိုသာ ရှေ့ရှုခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းပွားစေမယ့် ကိစ္စတွေကို Facebook လူမှုကွန်ရက်ကနေ ထပ်ဆင့်ပျံ့နှံ့ခဲ့တဲ့ လုပ်ရပ်အတွက် တာဝန်ရှိတယ်လို့လည်း စွပ်စွဲထားပါတယ်။

"လူ့အခွင့်အရေး ပြဿနာတွေမှာ လူမှုကွန်ရက်မီဒီယာတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံးနဲ့ အထင်ရှားဆုံး ဥပမာဖြစ်ခဲ့ပေမဲ့ ရိုဟင်ဂျာတွေဟာ Meta ကုမ္ပဏီထံက နစ်နာကြေးရဖို့ စောင့်ဆိုင်းနေရဆဲပါပဲ။” လို့လည်း Amnesty International ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲ Pat de Brún က ပြောပါတယ်။

နစ်နာကြေး အမြန်ဆုံးပေးပြီး နောက်ထက် အလားတူ မဖြစ်ရအောင် ပြုပြင်ခြင်းအားဖြင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် Meta ကုမ္ပဏီက တာဝန်ယူဖို့ အချိန်တန်ပြီလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်မကင်းကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် Facebook က စစ်တပ်ရဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို ပိတ်တာအပါအဝင် အရေးယူ ဆောင်ရွက်တာတွေ ရှိကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG