သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Threads လူမှုကွန်ယက်သစ် ဥရောပမှာသုံးခွင့်မရသေး


Meta ကအသစ်ထုတ်လိုက်တဲ့ Threads အက်ပ်

Facebook ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Met‌a ကသူ့ရဲ့ Threads ကွန်ရက် ပလက်ဖောင်းအက်ပ် အသစ်ကို ဥရောပမှာ သုံးခွင့် မပြုသေးဘဲ ဆိုင်းငံ့ထားပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်လုံခြုံရေး စည်းကမ်းသတ်မှတ် ချက်တွေနဲ့ ပတ်သက်ပြီးဥရောပသမဂ္ဂနဲ့ အငြင်းပွားနေတာကိုတန်ပြန်ဖို့ Meta က ‘နိုင်ငံရေးအရဖိအား ပေးတာ’လို့လေ့လာသူတွေကယူဆနေကြပြီး ဒီအတွက် Meta အတွက်အဆုံးအရှုံးပိုများဖို့သာရှိတယ်လို့ သုံးသပ်နေကြပါတယ်။

သူဌေးကြီး Elon Musk ဝယ်ယူပြီးနောက်မှာ ပရမ်းပမာဖြစ်နေတဲ့ တွစ်တာကို ယှဥ်ပြိုင်ကျော်တက်သွား ဖွယ်ရှိတယ်လို့ ယူဆထားကြတဲ့ Threads ဟာ စတင်ပြီးပထမပတ်ထဲမှာတင် သုံးစွဲသူသန်း ၁၀၀ ကျော် ရှိနေတာပါ။

ဒါပေမယ့် ဥရောပမှာလာမယ့်နှစ်ကျရင် စတင်အသက်ဝင်လာဖို့ရှိတဲ့ ဒစ်ဂျစ်တယ်စျေးကွက်အက်ဥပဒေမှာ "စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာမရေရာ မသေချာမှု" တွေ ရှိနေလို့ ဆိုပြီး Threads ကို ဥရောပမှာ မဖြန့်ချိသေးပါဘူး။

ဥရောပ ဒစ်ဂျစ်တဲလ်အခွင့်အရေး အဖွဲ့မူဝါဒရေးရာ အကြီးအကဲ Diego Naranjo ကတော့ Meta က ပေးတဲ့အကြောင်းပြချက်က မခိုင်လုံဘဲဥရောပမှာ စည်းမျဥ်းတွေသေသေချာချာ အတိအကျ ချမှတ်ထား တာကို Meta က သဘောမကျလို့ဒီလိုလုပ်တာလို့ထောက်ပြပါတယ်။

Meta ဟာ Threads လူမှုကွန်ရက်အက်ပ်ဝန်ဆောင်မှုပေးရာမှာ ဥရောပကို ချန်ထားတာက ဥရောပ သမဂ္ဂကို သူ့လူထုကဒစ်ဂျစ်တယ်စျေးကွက်အက်ဥပဒေ ဖြေလျော့ပေးရေးဖိအားပေးလာဖို့ ရည်ရွယ်တာလို့ Naranjo က ထောက်ပြပြီး လူ သန်း ၄၅၀ သုံးစွဲသူ ရလာနိုင်ခြေ ရှိတဲ့စျေးကွက်ကို လက်လွှတ်တာက Meta အတွက် ပိုပြီးနစ်နာရဖို့ ရှိတယ်လို့ပြောပါတယ်။

ဥရောပရဲ့ ဒစ်ဂျစ်တယ်စျေးကွက်အက်ဥပဒေမှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဥ်းတွေ ချထားသလို နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့ရဲ့ ကွန်ရက် ပလက်ဖောင်းတွေကို ဦးစားပေးတာမျိုးကိုလည်းတားမြစ်ထားပါတယ်။ သုံးစွဲသူရဲ့ သဘောတူညီချက် မပါဘဲနဲ့ အချက်အလက်တွေကို ပလက်ဖောင်း တခုကနေ တခု လွှဲပြောင်းတာကို တားမြစ်ထားပါတယ်။ အခု Threads အက်ပ် အသစ်က မူလက ရှိနှင့်ပြီး Instagram ကွန်ရက်နဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ Meta အတွက် ဥရောပစျေးကွက်မှာ အခက်ကြုံနေတာ ဖြစ်ပါတယ်။

Threads လူမှုကွန်ယက်သစ် ဥရောပမှာသုံးခွင့်မရသေး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG