သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံဆုံးဖြတ်ချက် စစ်ကောင်စီကန့်ကွက်


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း တက်ရောက်ခြင်းမရှိတဲ့ မြန်မာကိုယ်စားပြုထိုင်ခုံ (စက်တင်ဘာ ၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း တက်ရောက်ခြင်းမရှိတဲ့ မြန်မာကိုယ်စားပြုထိုင်ခုံ (စက်တင်ဘာ ၆၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုးနီးရှားက မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်ကို ထည့်သွင်းမဖော်ပြဘဲ လစ်လျူရှုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံအခြေခံမူတွေကို အတိအကျလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားတနိုင်ငံက ဝင်စွက်ဖက်တာ မလုပ်ဖို့လည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အပေါ် အာဆီယံအဖွဲ့ဝင်တွေအကြား အခက်ကြုံနေရချိန်မှာပဲ ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမယ့် မြန်မာနိုင်ငံနေရာမှာ ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူဖို့ အသင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က မနေ့က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူမျှချက် ၅ ရပ် အကောင်အထည်ဖော်မှုကို ပြန်လည် သုံးသပ်ပြီး နိုင်ငံရေး အခြေအနေ တိုးတက်မှု မရှိတဲ့အပေါ် ဝေဖန်ပြောဆိုနေချိန်မှာ ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးအပ်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းထွက်လာတာပါ။

အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ပြင်ဆင်ရမှာတွေအပါအဝင် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးစားပေး လုပ်ဆောင်စရာတွေ ရှိနေတာကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ်ဆိုရင် အနှောင့်အယှက်တွေ အများကြီး ရှိလာနိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG