သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR အကြီးအကဲ ထိုင်းမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမည်

ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း တွေ့ရတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi (မေ ၂၅၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း တွေ့ရတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi (မေ ၂၅၊ ၂၀၂၂)

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ရှေ့သီတင်းပတ်ထဲ ထိုင်းနိုင်ငံကို သွားရောက်ပြီး ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း ရိုဟင်ဂျာအရေး ဒေသတွင်း အဆင့်မြင့်ဆွေးနွေးပွဲကို တံခါးပိတ် ကျင်းပမှာဖြစ်ပြီး ရိုဟင်ဂျာတွေအတွက် အကူအညီ အထောက်အပံ့တွေ ရရှိရေး အာရုံစိုက်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ အကူအညီတွေ လိုအပ်နေတာပါ။

ဒီနှစ်အတွက် အကူအညီအဖြစ် ဒေါ်လာ ၈၇၅ သန်း လိုအပ်နေပေမယ့် ၄ ပုံ ၁ ပုံလောက်သာ ရထားတာကြောင့် လုံလောက်မှု မရှိသေးဘူးဆိုပြီး ကုလသမဂ္ဂက သတိပေးထားပါတယ်။

UNHCR အကြီးအကဲ ထိုင်းမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမည်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG