သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာဒုက္ခသည်တွေအတွက်ငြိမ်းချမ်းရေး” ကုလမဟာမင်းကြီးပန်ကြား


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) ဟာ ထိုင်းနိုင်ငံ ရတ်ချနာဘူရီ (Ratchaburi) ခရိုင်က ထိုင်း မြန်မာ နယ်စပ်နားက သံဟင်း ယာယီဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

"ဒီ အခွင့်အလမ်းကိုအသုံးပြုပြီး မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ ကျနော် အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။ အများစုက မြန်မာနိုင်ငံထဲမှာ တချို့က နယ်စပ်ဖြတ်ပြီး အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရသူတွေ အိမ်ပြန်နိုင်ရေးအတွက်လည်း မေတ္တာရပ်ခံပါရစေ" .. လို့ မစ္စတာ ဖိလစ်ပိုဂရန်ဒီက ပြောသွားခဲ့တာပါ။

သူဟာ ဒုက္ခသည်စခန် မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်နိုင်ရေးအတွက်လည်း မစ္စတာ ဂရန်ဒီ ဟာ ဘန်ကောက်မြို့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အမျိုးသား လုံခြုံရေး ကောင်စီတို့နဲ့လည်း တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အကျိုးရှိခဲ့တယ်လို့ သူ့ရဲ့ X လူမှုစာမျက်နှာမှာ ရေးထားပါတယ်။

သူသွားခဲ့တဲ့ ယာယီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅,၀၀၀ ရှိပြီး အများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ သူက ပြောပါတယ်။ တချို့က စခန်းမှာ နေထိုင်နေကြရတာ နှစ် အစိတ် သုံးဆယ် ရှိပြီလို့လည်း ဒုက္ခသည် မဟာမင်းကြီးက ဆိုပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်တွေကို အကာအကွယ်ပေးရေးနဲ့ အဖြေရှာရေးကို အဓိကထားတာပါ။

“မြန်မာဒုက္ခသည်တွေအတွက်ငြိမ်းချမ်းရေး” ကုလမဟာမင်းကြီးပန်ကြား
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG