သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅ သန်းခွဲ ဗြိတိန် ထောက်ပံ့မည်


ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဘေးကင်းလုံခြုံပြီး၊ ကိုယ့်သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာအရေး ရေရှည်အဖြေရဖို့ သန္နိဓာန်ချထားကြောင်းလည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေးခင်မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် ပေးအပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အကျပ်အတည်းတွေကြောင့် ရိုဟင်ဂျာအရေး အပါအဝင် လက်ရှိပြဿနာတွေကို မေ့မထားဖို့နဲ့ ကူညီထောက်ပံ့မှုတွေ ဆက်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ အေဂျင်စီအကြီးအကဲက တိုက်တွန်းနေချိန်မှာပဲ ဗြိတိန်က နောက်ထပ် အကူအညီပေးဖို့ ကြေညာလိုက်တာပါ။ ရိုဟင်ဂျာ ဒုက္ခသည်အရေး အဆင့်မြင့် အစည်းအဝေးအတွက် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကတော့ ရိုဟင်ဂျာတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၈၇၅ သန်းကျော်မှာ ၄၀ ရာခိုင်နှုန်းကျော်သာ ရရှိထားသေးတယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG