သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ လူ့အခွင့်အရေး နိမ့်ကျမှု အခြေအနေ AI အဖွဲ့ သတိပေး


Amnesty International ရဲ့ အတွင်းရေးမှူးချုပ် Agnes Callamard
Amnesty International ရဲ့ အတွင်းရေးမှူးချုပ် Agnes Callamard

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International က သတိပေးလိုက်ပါတယ်။ မြန်မာ၊ ဆူဒန်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါးဖြစ်နေတယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ အပါအဝင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတွေက အစိုးရတွေဟာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ တန်ဖိုးတွေကို လျစ်လျူရှုပြီး၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်ရာမှာ ဦးဆောင်ခဲ့တဲ့အတွက် အရပ်သားတွေမှာ ပြင်းထန်တဲ့ ဘေးဒုက္ခတွေခံစားနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Amnesty International ရဲ့ အတွင်းရေးမှူးချုပ် Agnes Callamard ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ တွေ့ရတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုတွေဟာ မကြုံဖူးလောက်တဲ့ အခြေအနေအထိ ရောက်နေပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးနဲ့ ကျား-မ တန်းတူညီမျှမှုကို ဆန့်ကျင်မှုတွေ တိုးလာနေတယ်လို့လည်း Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။

နည်းပညာသစ်တွေဖြစ်တဲ့ ဉာဏ်ရည်တုနဲ့ စောင့်ကြည့်ရေးကိရိယာတွေရဲ့ တိုးတက်ပြောင်းလဲလာမှုကြောင့် ပဋိပက္ခတွေဖြစ်လာအောင် လှုံ့ဆော်ခြင်း၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိပါးလာခြင်း၊ အထင်ကရ ရွေးကောက်ပွဲတွေမှာ သဘောထားကွဲလွဲမှုတွေကို ဖြစ်စေတယ်လို့လည်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာနဲ့ ကမ္ဘာမှာ လူ့အခွင့်အရေး နိမ့်ကျမှု အခြေအနေ AI အဖွဲ့ သတိပေး
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG