သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက်တွေအတွက် ဖေ့စ်ဘုတ်ဖော်ပြမှု ကန့်သတ်မည်


Meta AI Election Ads
Meta AI Election Ads

အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်ပေါ်က ဆက်ကျော်သက်တွေအတွက် အကြောင်းအရာ ကို ထိန်းချုပ်မယ်လို့ မိခင်ကုမ္ပဏီ Meta (မီတာ) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ အမေရိကန်နိုင်ငံက ပြည်နယ်တော်တော်များများမှာ မီတာကုမ္ပဏီအပေါ်စွပ်စွဲခဲ့ပြီးတဲ့နောက် ဒီ အပြောင်းအလဲ ဖြစ်လာခဲ့တာပါ။

အင်စတာဂရမ်နဲ့ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေအတွက် လုံခြုံစိတ်ချရတယ်လို့ တလွဲအထင်ရောက်အောင် လုပ်ထားတယ်လို့လည်း မီတာက အစွပ်စွဲခံရပါတယ်။ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်မှာ တချို့အကြောင်းအရာတွေကို ဆယ်ကျော်သက်တွေ မမြင်နိုင်အောင် ကန့်သတ်မယ်လို့ ကုမ္ပဏီရဲ့ဘလော့ဂ်မှာ ပြောထားပါတယ်။ အဲဒီ အကြောင်းအရာတွေက သူတို့ သူငယ်ချင်းတွေဆီကဖြစ်စေ၊ သူတို့ဖော်လိုလုပ်ထားတဲ့ သူတွေဆီကဖြစ်စေဦး .. ကန့်သတ်မယ်လို့ ဆိုပါတယ်။

ဒီ အကြောင်းအရာတွေကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ ဒါမှမဟုတ် ထိခိုက်အောင် လုပ်တာ၊ ဝတ်လစ်စလစ် အကြောင်းအရာတွေတင်တာ၊ ကန့်သတ်ထားတဲ့ ပစ္စည်းတွေ ဖော်ပြတာတွေ ဖြစ်ပါတယ်။

အင်စတာဂရမ်မှာ ကန့်သတ်ထားတဲ့ ပစ္စည်းတွေကတော့ ဆေးလိပ်နဲ့ ဆက်စပ်ထုတ်ကုန်တွေ၊ လက်နက်တွေ၊ အရက်၊ သန္ဓေတားဆေးနဲ့ ပစ္စည်း၊ မိတ်ကပ်ဆိုင်ရာ နည်းနာ၊ ကိုယ်အလေးချိန်ချတဲ့အစီအစဥ် စတာတွေဖြစ်တယ်လို့ ကုမ္ပဏီ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG