သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇဝတ်မှုတွေ တိုးလာကြောင်း IIMM အစီရင်ခံ


ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian
ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ဗြောင်ကျကျ နေရာအနှံ့ ကျုးလွန်လာတာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။

ရာဇဝတ်မှုတွေ တိုးလာတာကို တွေ့ရပါတယ်။ ပြောင်ပြောင်တင်းတင်း နေရာအနှံ့ ကျုးလွန်နေတာပါ။ ရွာတွေ မီးလောင်နေတာ၊ အထူးသဖြင့် အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို ဗုံးကျဲ တိုက်ခိုက်တာမှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာတွေလည်း ကျနော်တို့ တွေ့နေရပါတယ်။ အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတာ၊ ဖမ်းဆီးတာ။ အရပ်သားပဲဖြစ်ဖြစ် တိုက်ခိုက်တဲ့သူပဲ မခွဲခြားပဲ တိုက်ခိုက် သတ်ဖြတ်တာတွေလည်း တွေ့နေရပါတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲ Nicholas Koumjian က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အကြိမ်ရေတိုးလာသလို ပြင်းပြင်းထန်ထန် ချိုးဖေါက်နေတာတွေ တွေ့ရတဲ့အကြောင်း IIMM အဖွဲ့က အရင်ကလည်း အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ IIMM အဖွဲ့ဟာ ပြစ်မှုကျုးလွန်သူတွေကို အရေးယူတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့မဟုတ်ဘဲ သက်သေ အထောက်အထားတွေ စုဆောင်းပြီး သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေကို ပြန်လည်ပေးအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။

ဒီအဖွဲ့ကို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူမှုကွန်ယက် Account ၄၃ ခုကနေ အမုန်းတရား ပျံ့ပွားအောင် ဖြန့်ဝေရေးသားနေတာတွေကိုလည်း တွေ့ရတဲ့အကြောင်း Nicholas Koumjian က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG