သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ရာဇဝတ်မှုများ အကြိမ်ရေနဲ့ပြင်းထန်မှုမြင့်တက်လာ”IIMM အစီရင်ခံ


 ကော့ကရိတ်မြို့နယ်အနီး ကျေးးရွာတွေပေါ်ကိုလက်နက်ကြီးကျ (ဇန်နဝါရီ ၂၅၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ်အနီး ကျေးးရွာတွေပေါ်ကိုလက်နက်ကြီးကျ (ဇန်နဝါရီ ၂၅၊ ၂၀၂၃)

IIMM ခေါ် ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားရဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာကို IIMM အကြီးအကဲ Nicholas Koumjian ကိုယ်တိုင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို စက်တင်ဘာ ၁၁ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှုတွေ ပိုမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားတွေပါမရှောင် ပစ်ခတ်မှုတွေ ပိုတွေ့လာရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ ဖမ်းဆီးမိတဲ့တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်သတ်ဖြတ်တာ၊ နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှိုာတာတွေ ပိုတိုးလာပါတယ်။ တရားဥပဒေမဲ့ဖမ်းဆီးမှုတွေလည်း တိုးလာပြီး အကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာနဲ့ အခြားဆိုးဆိုးဝါးဝါးကျူးလွန်မှုတွေလုပ်တဲ့ ခိုင်မာတဲ့အထောက်အထားတွေ စုဆောင်းရရှိထားပါတယ်”

IIMM ကို မူလအားဖြင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့အထောက်အထားတွေစုဆောင်းပြီး စီစစ် သုံးသပ်မှုတွေ ဆက်လက်ဆောင်ရွက်နေသလို မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် IIM အဖွဲ့ရဲ့ စုံစမ်းမှုတွေကို ဒေသအများအပြားမှာ ချဲ့ထွင်ဆောင်ရွက်ခဲ့တယ်လို့ IIMM အကြီးအကဲက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ရှင်းလင်းပါတယ်။

မြန်မာစစ်ကောင်စီကတော့ IIMM ဖွဲ့စည်းမှုကို လက်မခံသလို IIMM အနေနဲ့ မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပေးဖို့နဲ့ အချက်အလက်တွေမျှဝေဖို့ တောင်းဆိုမှုတွေကိုလည်း လစ်လျူပြုခဲ့တယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ အခု ရရှိတဲ့အထောက်အထားတွေဟာ သိမ်းဆည်းထားဖို့သက်သက်မဟုတ်ဘဲ တရားရုံး၊ ခုံရုံးတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။

လက်ရှိအားဖြင့် ရိုဟင်ဂျာအမှုတွေကို စစ်နေတဲ့ ICJ နိုင်ငံတကာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေကို အချက်အလက်တွေ မျှဝေထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG