သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ တိုးလာနေကြောင်း IIMM အစီရင်ခံစာထုတ်ပြန်


ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian
ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က မကြာခဏ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း IIMM ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့က ဒီကနေ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၂ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဇွန်လ အတွင်း ွဟာ စစ်ပွဲနဲ့ ဆက်နွယ်တဲ့ စစ်ရာဇဝတ်မှု သုံးမျိုးကို မကြာခဏ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေကြောင်း ရေးသားထားပါတယ်။

ဒီစစ်ရာဇဝတ်မှုတွေထဲမှာ အရပ်သားတွေကို ခွဲခြားမှုမရှိပဲ ပစ်မှတ်ထားပြီးအင်အားသုံး ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်စီးတာ စတာတွေပါဝင်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ ကိုးကားရေးသားထားပါတယ်။

IIMM အစီရင်ခံစာမှာပါတဲ့ အထောက်အထားတွေဟာ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတယ်ဆိုတာကို ပြသနေသလို၊ အရပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျတိုက်ခိုက်မှုတွေကိုဖေါ်ပြနေကြောင်း IIMM အကြီးအကဲ Nicholas Koumjian က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျူးလွန်သူတဦးချင်းစီမှာ တာဝန်ရှိနေပြီး တရားရုံးတွေမှာ အမှုစွဲဆိုနိုင်ရေး တည်ဆောက်နေကြောင်းလည်း မစ္စတာ Koumjian က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG