သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တာဝန်သက်တမ်းတိုး


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရဲ့ တာဝန်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဒီကနေ့ နောက်ထပ် သက်တမ်း တစ်နှစ် ထပ်တိုးပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူအခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ဒီကနေ့ မဲမခွဲဘဲ ချမှတ်ခဲ့တာမှာ လက်ရှိ ခန့်အပ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကို နောက်ထပ် သက်တမ်း တစ်နှစ် ထမ်းဆောင်ခွင့် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်လက် စောင့်ကြည့်ပြီး တိုးတက် ဖြစ်ထွန်းမှု အခြေအနေတွေကို ၅၃ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ဆွေးနွေး တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၇၈ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ တတိယ ကော်မတီနဲ့ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် ဆွေးနွေးပွဲတွေကိုလည်း စာနဲ့ အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။


ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး ယန္တရား IIMM ရဲ့ လုပ်ငန်းစဉ်တွေ၊ လိုအပ်တဲ့ ဝန်ထမ်းတွေ နဲ့ အရင်းအမြစ်တွေ ပံ့ပိုး ကူညီတာတွေ ဆက်လက် လုပ်ဆောင်သွားဖို့လည်း ပါဝင်ပါတယ်။ ကုလ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မပြတ်စောင့်ကြည့်ပြီး လာမယ့် လူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲတွေမှာ အစီရင်ခံစာတွေ ဆက်တိုက် တင်ပြသွားရမှာဖြစ်ပြီး အဲ့ဒီနောက် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ခွင့်ပြုချက်နဲ့ အပြန်အလှန် တင်ပြ ဆွေးနွေးမှုတွေ ဆက် လုပ်သွားရမှာလည်း ဖြစ်ပါတယ်။

မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကောင်စီမှာ မြန်မာ့အရေး၊ ယူကရိန်းနိုင်ငံမှာ ရုရှား ကျူးကျော်မှုအတွင်း လူ့အခွင့်ရေးဆိုင်ရာ အခြေအနေ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် စုစုပေါင်း ၁၃ ခုကို ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလိုပဲ ယူကရိန်း နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ခန့်အပ်ထားတာကိုလည်း မနေ့က နေ့လည်ပိုင်းက နောက်ထပ် သက်တမ်း တိုးပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG