သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွပ်မျက်ခံရသူတွေအတွက် တရားမျှတမှု APHR တောင်းဆို 


ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်
ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်

တရားဥပဒေစိုးမိုးရေးကိုမထီမဲ့မြင်လုပ်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ သူတို့ လုပ်ရပ်တွေအပေါ် တာဝန်ယူရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ဒီနေ့ပဲ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားခဲ့လို့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ကွပ်မျက်ခဲ့တာ တစ်နှစ်ပြည့်ခါနီးမှာ APHR ကကြေညာချက်ထုတ်ပြန်ပြောကြားလိုက်တာပါ၊ ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီရဲ့ ဟန်ပြ စစ်ခုံရုံးမှာ ဥပဒေမဲ့ တခါးပိတ် စစ်ဆေး စစ်ဆေးပြီး သေဒဏ်ပေး ကွပ်မျက်ခဲ့တာပါ။

သူတို့ကို ကွပ်မျက်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်ကြောင်းနဲ့ ခုချိန်ထိ စစ်တပ်က စစ်အာဏာသိမ်းမှုဆန့်ကျင်နေသူတွေကို ဆက်လက်သေဒဏ်တွေ ချမှတ်နေတာဟာ ဥပဒေကို မထီမဲ့မြင် လုပ်နေတယ်ဆိုတဲ့ သက်သေတွေဖြစ်ကြောင်းနဲ့ ဒီသက်သေတွေကို အာဆီယံအနေနဲ့ မှတ်တမ်းယူထားသင့်တယ်လို့ လက်ရှိ APHR ဥက္ကဋ္ဌ၊ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် Mercy Barends က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ၁ နှစ်သာကြာလာပေမဲ့ ကွပ်မျက်ခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေဘက်မှ တရားမျှတမှု မရရှိကြသေးသလို ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့လည်း တရားမျှတမှု ဆုံးရှုံးနေတယ်လို့ သူကထောက်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တွန်းလှန်နေတဲ့ လူတွေကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်နေပြီး၊ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တယား IIMM အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားကြသလို လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ ဆက်လက်ကျူးလွန်နေတယ်လို့ APHR ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG