သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ IIMM အတွက် ဗြိတိန်နိုင်ငံ ပေါင်ငွေ ၅ သိန်းထောက်ပံ့


ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian
ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

ကုလသမဂ္ဂက တာဝန်အပ်နှင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စတာလင်ပေါင် ငါးသိန်း ဗြိတိန်နိုင်ငံက ပေးအပ်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အရေးယူနိုင်ရေး IIMM အဖွဲ့က စုံစမ်းစစ်ဆေးနေတာပါ။ ဒီအဖွဲ့ရဲ့ ဆောင်ရွက်မှုကို‌ထောက်ခံဖို့နဲ့ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အဆုံးသတ်ရေးဟာ ဖေါက်ဖျက်သူတွေ အပေါ် အရေးယူတာသာ ဖြစ်တဲ့အကြောင်း ဗြိတိန်လူ့အခွင့်အရေးရာ ဝန်ကြီး Rita French က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီဖို့လည်း ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG