သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကိုစောင့်ရှောက်ဖို့ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်သစ်ကို ကုလအတွင်းရေးမှုးချုပ်တိုက်တွန်း 


ကုလအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်
ကုလအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်

မြန်မာနိုင်ငံရဲ့ ယိုယွင်းလာနေတဲ့အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ကိုယ်စိတ်ကျန်းမာချမ်းသာအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ကို တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ အကြီးအကဲ မစ္စတာ မူဟာမက် ယူနွတ်စ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူသရက်စ် က နှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာမှာ ခုလို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြန်လည်ငြိမ်သက်ပြီး ရွေးကောက်ပွဲတွေလုပ်နိုင်အောင် ဆောင်ရွက်နေတာကို ကုလ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။

လူငယ်တွေ၊ အမျိုးသမီးတွေ၊ လူနည်းစုတွေ၊ ဌာနေတိုင်းရင်းသားတွေအပါအဝင် အားလုံးပါဝင်တဲ့ ချဥ်းကပ်ပုံမျိုးနဲ့ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ဂူသရက်စ်က မစ္စတာ ယူနွတ်စ်ကို သဝဏ်လွှာမှာ ပြောကြားခဲ့ပါတယ်။နိုင်ငံသားတွေ အထူးသဖြင့် လူနည်းစုတွေကို အပြည့်အဝ အကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ဂူသရက်စ်ကပြောကြားရင်း ရိုဟင်ဂျာတွေအတွက် တိုက်တွန်းပြောကြားသွားတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG