သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌ Bangladesh သွားဖို့ စီစဉ်


ကုလအတွင်းရေးမှူးချုပ်
ကုလအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim တို့ဟာ အခုလာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazarဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုသွားဖို့ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

သုံးရက်ကြာခရီးစဉ်နဲ့ရောက်လာဖို့စီစဉ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကပြောတဲ့အကြောင်း New Age သတင်းမှာရေးသားပါတယ်။ ရိုဟင် ဂျာဒုက္ခသည်တွေပြန်လည်ထူထောင်ရေး ကမ္ဘာ့ဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား သဘောတူလက်မှတ်ထိုးကြဖို့ မျှော်လင့်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး Ama Muhith က သတင်းထောက်တွေကို တနင်္လာနေ့တုန်းကပြော ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ သန်းလေးရာ ငါးရာလောက်ထောက်ပံ့ကြေးတွေ ကမ္ဘာ့ဘဏ်က ပေးသွားလိမ့်မယ်လို့ လည်း ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးက ခန့်မှန်းတယ်လို့ဆိုပါတယ်။ ADBလို့ခေါ်တဲ့ အာရှဖွင့်ဖြိုးရေးဘဏ်ကလည်း ရိုဟင်ဂျာဒုက္ခသည်ပြန်လည်ထူထောင်ရေး စီမံကိန်းတခုကိုလုပ်ဆောင်ဖို့ သဘောတူထားတဲ့အကြောင်းနဲ့ ဒီစီမံကိန်းဟာ ဒေါ်လာသန်းလေးရာကုန်ကျမှာဖြစ်ပြီး တဝက်ကို ချေးငွေအဖြစ်ပေးမယ်လို့လည်း ဘင်္ဂလားဒေ့ချ် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာအစိုးရကတော့ အသိအမှတ်မပြုပါဘူး။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ Guterresဟာ အရင်တုန်းကလည်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ရောက်ခဲ့ဖူးတယ်ဆိုပေမဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအနေနဲ့ရောက်ခဲ့ဖူးတာပါ။ အခုခရီးစဉ်ကတော့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်အဖြစ် ပထမဆုံးအကြိမ်ရောက်လာမယ့်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ဘဏ်ဥက္ကဌနဲ့ ကုလအတွင်းအရေးမှုးချုပ်တို့ ခရီး စဉ်အတွင်း ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် Sheik Hasina ဘဏ္ဍာရေးဝန်ကြီး Ama Muhithတို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွား ဖို့ရှိတဲ့အကြောင်း သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ချ်ကလာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG