သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်အကြီးအကဲ Dr. Yunus ရဲ့ ရိုဟင်ဂျာအရေးစာနာမှု ကုလချီးကျူး 


ရိုဟင်ဂျာတံငါသည်များရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။
ရိုဟင်ဂျာတံငါသည်များရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ ပါမောက္ခ Dr. Muhammad Yunus အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုဆက်လက်အကူအညီပေးသွားမယ်ဆိုတဲ့ပိုင်းဖြတ်ထားမှုကို ကြိုဆိုတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ တဖြေးဖြေးနဲ့ သိက္ခာရှိရှိ ဘေးကင်းကင်း နေရပ်ပြန်နိုင်ဖို့ကူညီကြဖို့နဲ့ ဒုက္ခသည်တွေအတွက် ငွေကြေး ရံပုံငွေထောက်ပံ့မှုတွေ ပေးကြဖို့ Dr. Yunus က နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုမှုအပေါ်မှာ ထပ်လောင်းထောက်ခံပါတယ်လို့လည်း ကုလ ကြေညာချက်မှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် အကူးအပြောင်းအချိန်ကာလမှာ အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူသားချင်းစာနာမှုစိတ်ဓါတ်ကို တကမ္ဘာလုံး ချီးကျူးထိုက်တယ်လို့လည်း ဖော်ပြပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခုံလှုံခဲ့ရတဲ့ ၇ နှစ်ပြည့် နေ့မှာ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးက အခုလို ထုတ်ပြန်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၇ နှစ် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့် ဒေသခံရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒ့်ရှိနိုင်ငံထဲ ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ လူမျိုးသုန်းသတ်ဖြတ်မှု Genocide ကျူးလွန်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကသတ်မှတ်ထားတာပါ။ ဘင်္ဂလားဒေ့ရှနိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာတသန်းကျော် နေရပ်ပြန်နိုင်ရေးအတွက်ကုလသမဂ္ဂက ကြီးမှူးဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်နှောင့်နှေးနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းကို ထောက်ပံ့ ကူညီဖို့ ကုလသမဂ္ဂလူသားချင်းစာနာမှုအဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွက် ဒေါ်လာ ၈၅၂ သန်း အကူအညီတောင်းခံထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ပြည့်မီခြင်းမရှိတာကြောင့် နိုင်ငံတကာအစိုးရတွေ၊ အလှူရှင်တွေအနေနဲ့ ရိုဟင်ဂျာအရေး ပြန်အာရုံစိုက်လာစေဖို့ ကုလသမဂ္ဂက နှိုးဆော်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG