သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cox's Bazzar က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတိုး


ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ဗုဒ္ဓဟူးနေ့က ရေကြီးမြေပြိုမှုဒဏ် ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၈,၀၀၀ လောက်အတွက် အထောက်အကူပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR က လုပ်ဆောင်နေကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကနဦး ဆန်းစစ်ချက်တွေအရ အဲဒီနေ့ မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ ဦး သေဆုံးခဲ့ရပြီး ဒုက္ခသည် ၁,၂၀၀ လောက် မှီတင်းနေထိုင်တဲ့ စခန်းတွေ ပျက်စီးသွားသလို နောက်ထပ် ၂,၀၀၀ လောက် တခြားနေရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

UNHCR က ဒီဒုက္ခသည်တွေ နေထိုင်ရေးအတွက်ရော တခြား လိုအပ်တာတွေကိုပါ အကူအညီ ပေးနေတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒီဒုက္ခသည် စခန်းတွေအတွက် နိုင်ငံတကာ ထောက်ပံ့မှုဟာ လိုအပ်တာထက် အလွန်အမင်း နည်းပါးနေတာကြောင့် အလှူရှင်တွေ အနေနဲ့ ဒုက္ခသည်စခန်းတွေရဲ့ လူသားစာနာမှု လိုအပ်ချက်တွေအတွက် တတ်နိုင်သမျှ ထပ်ဆောင်းပြီး ပေးလှူကြဖို့လည်း အရေးပေါ် ပန်ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ အခု ၂၀၂၄ ခုနှစ်အတွက် UNHCR က ဒေါ်လာ ၂၇၅ သန်း လိုအပ်မှာ ဖြစ်ပေမယ့် အခုချိန်အထိ အလှူငွေ စုစုပေါင်း ၂၅ % လောက်ပဲ ရသေးတယ်လို့လည်း တင်ပြခဲ့တာပါ။

Cox's Bazzar က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတိုး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG