သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရိုဟင်ဂျာအရေးပြေလည်ဖို့ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့လိုအပ် 


ဗွီအိုအေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းမှုအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi
ဗွီအိုအေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းမှုအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် တတိုင်းပြည်လုံး ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို အရင် ဖြေရှင်းပြီး၊ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဗွီအိုအေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ တတိုင်းပြည်လုံး လက်နက်ကိုင် ပဋိပက္ခတွေ ပိုဆိုးဝါးလာခဲ့ပြီး အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်သူတွေ ပိုများလာသလို လူသားချင်းစာနာမှု အကူအညီပေးရေးမှာ အကြီးအကျယ် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အကြောင်း ဆူဒန်နိုင်ငံကို ရောက်နေတဲ့ Filippo Grandi က ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောသွားတာပါ။

ပထမအဆင့်အနေနဲ့ တိုင်းပြည် တည်ငြိမ်ဖို့အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ လက်ရှိ အာဏာစွဲကိုင်ထားတဲ့သူတွေအနေနဲ့ အရင် မကြာခင် နှစ်တွေက သူတို့ ကိုယ်တိုင် လက်ခံခဲ့တဲ့ တိုင်းပြည်ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လက်ခံဖို့ နားချနိုင်မယ်လို့‌ မျှော်လင့်ပါတယ်။ အဲဒါတွေ ပြီးမှ ရှုပ်ထွေးနက်နဲတဲ့ ရိုဟင်ဂျာ ပြသနာတွေ အပါအဝင် တတိုင်းပြည်လုံး ရင်ဆိုင်နေရတဲ့ တခြား ပြဿနာပေါင်းစုံကို ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ ရိုဟင်ဂျာပြဿနာဟာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း တခုလုံးရဲ့ အစိတ်တပိုင်း တခု ဖြစ်နေပါတယ်လို့ မဟာမင်းကြီး Filippo Grandi က ပြောသွားတာပါ။

အရင် အရပ်သားအစိုးရလက်ထက်မှာ စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေတဲ့ လူမှုအဖွဲ့အစည်းတွေအကြား အတူလက်တွဲ နေထိုင်နိုင်ဖို့ အစပျိုးလုပ်နိုင်ခဲ့တာတွေ ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဗွီအိုအေကို ပြောပါတယ်။ အရပ်သားအစိုးရလက်ထက်က ကြိုးပမ်းခဲ့တဲ့ တိုးတက်မှုတွေ အားလုံး စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ ပျက်ဆီးသွားခဲ့တယ်လို့လည်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG