သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသတွင်းအခြေအနေကြောင့် ဒုက္ခသည်တွေအတွက် အလှူရှင်နိုင်ငံတွေစိုးရိမ် 


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်း ဓာတ်ပုံ)
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်း ဓာတ်ပုံ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းအခြေနေနဲ့ နယ်စပ်ကိုပါကျော်ဖြတ်ပြီး ဖြစ်ပွါးတဲ့ပြဿနာတွေ ဆိုးဝါးလာနေတာအတွက် အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ တခြားအလှူရှင် နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက အထူးစိတ်ပူဆဲဖြစ်ကြောင်း ဇွန်လ ၂၀ နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် အရပ်သားတွေကို အကာကွယ်ပေးရေးဟာ အထူးအရေးကြီးကြောင်းလည်း နိုင်ငံတကာဒုက္ခသည်များနေ့မှာ ကြေညာချက်ထုတ်ပြီး ထပ်လောင်း ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ မိမိတို့ဆန္ဒအလျှောက် ဌာနေပြန်နိုင်ဖို့လည်း မျှော်လင့်ကြကြောင်း ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူသားစာနာမှု အခြေနေဆိုးဝါးနေတာကြောင့် မကြာခင်ကာလအတွင်းတော့ ဖြစ်နိုင်ခြေရှိအုံးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ အခွင့်အလမ်းတွေ တိုးတက်လာအောင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခက်အခဲမျိုးစုံကြားကပဲ ရိုဟင်ဂျာ ၁.၂ သန်းလောက်ကို နေခွင့်ပေးထားတာ ၇ နှစ် နီးပါးရှိနေပြီဖြစ်ပြီး သူတို့အတွက် ရေရှည် မြန်မာပြည်ပြန်နေနိုင်ရေး အဖြေရှာမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတာဝန်ခံ Shanchita Haque က ဇွန်လ ၁၈ ရက်မှာ ကျင်းပတဲ့ ကုလလူ့အခွင့်ရေးကောင်စီရဲ့ ၅၆ ကြိမ်မြောက် အစည်းဝေးမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG