သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်က AA နဲ့ ဆက်သွယ်ဆောင်ရွက်လို


ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဆွေးနွေးအဖြေရှာဖို့ ရခိုင်ဒေသနယ်မြေတွေကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ လက်နက်ကိုင်ပဋိပက္ခက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၈,၀၀၀ ဝန်းကျင်ဟာ မကြာခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ Md Touhid Hossain က အင်္ဂါနေ့က ပြောပါတယ်။ “ဒါနဲ့ပတ်သက်လို့ လာမယ့် ၂ ရက် ၃ ရက်အတွင်း အစိုးရအဖွဲ့တွင်းမှာ အလေးအနက် ဆွေးနွေးကြမယ်" လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတော်ပိုင် သတင်းဌာန BSS က ဆိုပါတယ်။

မူအားဖြင့် နောက်ထပ် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်မပေးဖို့ ဘင်္ဂလားဒေ့ရှ်က ဆုံးဖြတ်ထားကြောင်းမစ္စတာ Hossain က ပြောပါတယ်။ အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို စာနာပါကြောင်း၊ ဒါပေမဲ့ နောက်ထပ် ဒုက္ခသည်တွေကိုလူသားချင်း စာနာထောက်ထားရေး ခိုလှုံခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်မှာ စွမ်းအားမရှိတော့ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက ဆိုပါတယ်။ နယ်စပ်ကို လုံးဝပိတ်ဖို့ မဖြစ်နိုင်ပေမဲ့ ရိုဟင်ဂျာတွေ ဆက်ဝင်မလာအောင်တားဆီးဖို့ အစိုးရက ကြိုးစားမှာဖြစ်ပြီး ရိုဟင်ဂျာတွေကို ပြန်ပို့နိုင်အောင် လက်ရှိ ရခိုင်ပြည်နယ် နေရာအများစုကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့ လိုအပ်တယ်လို့ မစ္စတာ Touhid Hossain ကပြောပါတယ်။

ရိုဟင်ဂျာအရေးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်က AA နဲ့ ဆက်သွယ်ဆောင်ရွက်လို
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG