သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ပြင်သစ်သံအမတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ဇွန် ၄၊ ၂၀၂၂)
တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ဇွန် ၄၊ ၂၀၂၂)

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့ကဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့လိုကြောင်းနဲ့ ဆွေးနွေးမှုတွေဟာ ရိုဟင်ဂျာအရေးကို ထည့်သွင်းဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေရှ့် အစိုးရက ထုတ်ပြန်ပါတယ်။

ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံဘက် ရိုဟင်ဂျာတွေ ထပ်ရောက်လာနေတာနဲ့ လူသားချင်းစာနာတဲ့အကူအညီတွေလိုအပ်တဲ့ အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးက ပြောပြခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်သတင်းတွေမှာဖော်ပြထားပါတယ်။

This item is part of

Forum

XS
SM
MD
LG