သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်အနီး မသင်္ကာဖွယ် ကားတွေ့ရှိ


အမေရိကန်လွှတ်တော် လုံခြုံရေးတင်းကျပ်။
အမေရိကန်လွှတ်တော် လုံခြုံရေးတင်းကျပ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်က လွှတ်တော်အဆောက်အဦးနဲ့ သိပ်မဝေးတဲ့ လမ်းတနေရာမှာ ရပ်ထားတဲ့ ကားတစီးမှာ ဖေါက်ခွဲရေး ပစ္စည်းတွေ တင်ထားနိုင်ခြေရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြောင့် ဝါရှင်တန်ရဲတွေ စုံစမ်းစစ်ဆေးနေကြပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။

ရဲတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေဟာ အဲဒီယာဉ် ရှိရာ အနီးတဝိုက်က လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ အဲဒီနေရာဟာ ဝါရှင်တန်က VOA မြန်မာပိုင်းဌာနရှိရာ VOA ရုံးချုပ်နဲ့ သိပ်မဝေးလှပါဘူး။ အန္တရာယ် ရှိနိုင်တဲ့ နေရာနဲ့ နီးတဲ့ ဌာနတွေက ဝန်ထမ်းတွေကို ဘေးလွတ်ရာ ထွက်ခွါစေခဲ့သလို သတိရှိကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာပဲ ပြည်သူ့ရင်ပြင် တောင်ဘက် Independence လမ်းပေါ်မှာ မသင်္ကာစရာ ရပ်ထားတဲ့ မော်တော်ယာဉ်ကို ဗုံးရှာဖွေတဲ့ စက်ရုပ်နဲ့ ရှာဖွေ စစ်ဆေးခဲ့တဲ့ နောက်မှာတော့ အန္တရာယ် မရှိကြောင်း ရဲတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မသင်္ကာဖွယ်ရာကားကို ရှာဖွေနေစဉ်။ (VOA)
မသင်္ကာဖွယ်ရာကားကို ရှာဖွေနေစဉ်။ (VOA)

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG