သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Pompeo အာရှခရီးစတင်


ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပမယ့် အမေရိကန်နဲ့ အာဆီယံ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ ပူးတွဲ ဥက္ကဌအဖြစ် တာဝန်ယူမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အင်္ဂါနေ့ ဝါရှင်တန်ဒီစီကနေ ထွက်ခွာသွားပါပြီ။

ဘန်ကောက်မှာ ကျင်းပမယ့် အာဆီယံအဖွဲ့ရဲ့ ဒေသတွင်းဆွေးနွေးပွဲတွေမှာ ဘေးထွက်အစည်းအဝေးအဖြစ် မြောက်ကိုရီးယား အရာရှိတွေနဲ့ အလုပ်သဘောဆွေးနွေးပွဲတွေကို အမေရိကန်ဘက်က ပယ်ဖျက်ဖို့ မရှိပါဘူး။ မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန်ကတော့ သူ့ရဲ့ လက်ရှိ မြောက်ကိုရီးယားဆိုင်ရာ သံတမန်ရေး ကြိုးပမ်းမှုကို ပြောင်းလဲပစ်မှာ မဟုတ်ဖူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo ဟာ အရှေ့အာရှ EAS ဝန်ကြီးများ အဆင့် အစည်းအဝေး၊ ASEAN ဒေသတွင်း ဖိုရမ် ARF ဝန်ကြီးများ အဆင့်အစည်းအဝေး တို့ကို တက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့လည်း အမေရိကန်နဲ့ ထိုင်း မဟာမိတ်အဖြစ် ပိုပြီး ခိုင်မာရေးကို ဆွေးနွေးကြမှာပါ။

ဝန်ကြီး Pompeo ကမြောက်ကိုရီးယားနဲ့ အလုပ်သဘောဆွေးနွေးပွဲတွေ မကြာခင်မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်ကြောင်း တနင်္လာနေ့က ပြောခဲ့တာပါ။
အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂအဖွဲ့ကတော့ မြောက်ကိုရီးယားမှာ နျူကလီယားလုံးဝဖျက်သိမ်းပြီး ငြိမ်းချမ်းမှုရရှိရေးကို ရှေ့ရှုပြီး သံတမန်ရေး လုပ်ဆောင်မှုတွေအပြင် မြောက်ကိုရီးယားနဲ့ ဆွေးနွေးတဲ့ဆင့်ရောက်လာရေးအတွက် ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ဆောင်နေတာတွေကို ဆက်လက် ထောက်ခံနေမှာ ဖြစ်ကြောင်း မကြာသေး ခင်ကပဲ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြောက်ကိုရီးယားရဲ့ နောက်ဆုံး ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နောက်မှာ ဆွေးနွေးမှုတွေ ဆက်လုပ်သင့်တယ်လို့ ဝန်ကြီး Pompeo က ပြောကြားခဲ့တာပါ။

၀န်ကြီး Pompeo အာရှခရီးစတင်
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG