သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဒုက္ခသည် ၁၂ ဦး ပုပ်ရဟန်းမင်းကြီး ခေါ်ဆောင်


ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂရိနိုင်ငံ Lesbos ကျွန်းကို သွားရောက် လည်ပတ်ပြီးတဲ့နောက် ဆီးရီးယားဒုက္ခသည် ၁၂ ဦးကို ရောမမြို့ကို ခေါ်ဆောင်သွားပါတယ်။

ကလေးငယ် ၆ ဦးအပါအဝင် မူဆလင်မိသားစု ၃ ခုကို Vatican မှာ နေရာထိုင်ခင်း စီစဉ်ပေးထားမှာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးရုံးက သတင်းထုတ်ပြန်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ဒုက္ခသည်တွေ ကြိုဆို လက်ခံပါတယ်ဆိုတာကို ပြသလိုတဲ့အတွက် အခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ မိသားစုတွေဟာ ဆီးရီးယားနိုင်ငံအတွင်းက မတူညီတဲ့ မြို့ ၃ မြို့က လာကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေ အားလုံးရဲ့ အိမ်တွေဟာ ဗုံးကျဲတိုက်ခိုက်ခံရပြီး အကုန်လုံး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒီ ဒုက္ခသည်တွေကို ရောမမြို့ကို ခေါ်ဆောင်လာတာဟာ လူသားချင်း စာနာထောက်ထားတဲ့ကိစ္စတခုနဲ့ ခေါ်လာခြင်းဖြစ်ပြီး နိုင်ငံရေးအရ လုပ်ဆောင်ခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဥရောပတိုက်အတွင်း ဒုက္ခသည်တွေအပေါ် သဘောထား တင်းမာမှုတွေ ထွက်ပေါ်နေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို ဒုက္ခသည်တွေကို ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG