သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ၂ ပါး သူတော်စင်အဖြစ်ချီးမြှောက်ပွဲကျင်းပ


ပုပ်ရဟန်းမင်းကြီး Francis သူတော်စင် ၂ ပါး ချီးမြှောက်ပွဲမှာ ကောင်းချီးမင်္ဂလာပေးနေစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
ပုပ်ရဟန်းမင်းကြီး Francis သူတော်စင် ၂ ပါး ချီးမြှောက်ပွဲမှာ ကောင်းချီးမင်္ဂလာပေးနေစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
Roman Catholic အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis က အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကို သူတော်စင်တင်မြှောက်လိုက်ပါတယ်။

ဒုတိယမြောက် John Paul နဲ့ ၂၃ ပါးမြောက် John ကို Vatican က St. Peter's ရင်ပြင်မှာ ဒီကနေ့ အခမ်းအနားနဲ့ သူတော်စင်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis က သူတော်စင်တင်မြှောက်တဲ့ ရွတ်ဖတ် ဝတ်ပြုဆုတောင်းမှုကို လုပ်ခဲ့ပါတယ်။ ဥရောပက တော်ဝင်မိသားစုဝင်တွေ၊
နိုင်ငံခေါင်းဆောင်တွေ အပါအဝင် အထူးဧည့်သည်တော်တွေလည်း တက်ရောက်တဲ့ သူတော်စင်တင်မြှောက်ပွဲ အခမ်းအနားကို St. Peter's ရင်ပြင်မှာတင်မက Vatican city မြို့ထဲက လမ်းတွေပေါ်မှာပါ လာရောက်ကြသူ လူတသန်းလောက်အထိရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂုဏ်ထူးဆောင် ပုပ်ရဟန်းမင်းကြီး ၁၆ ပါးမြောက် Benedict လည်း တက်ရောက်ပါတယ်။

အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကို တပြိုင်တည်း သူတော်စင်တွေအဖြစ် သတ်မှတ်တာဟာ အခုပထမဆုံး အကြိမ်ဖြစ်ပါတယ်။ သတ်မှတ်ခံရတဲ့ သူတော်စင် ၂ ပါးရဲ့ ဓါတ်တော် မွေတော်တွေကိုလည်း အကြည်ညိုခံနိုင်ဖို့ ဒီအခမ်းအနားကို ပြန်လည်ယူဆောင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ကောင်းကင်ဘုံကို
ရောက်သွားကြောင်း ဂုဏ်ပြုပွဲမှာသုံးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း John Paul ရဲ့ အသွေးတော်နဲ့ ၂၀၀၀ ခုနှစ်တုန်းက ကောင်းကင်ဘုံကို ကြွမြန်းသွားကြောင်း ဂုဏ်ပြုပွဲမှာ သုံးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး John ရဲ့အသားတော်တို့ကို အခမ်းအနားအတွက် ယူဆောင်လာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG