သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းဦးဆောင်တဲ့ သာသနာ အစည်းအဝေးကျင်းပ


သာသနာဆိုင်ရာ အစည်းအဝေးမှာ ပုပ် Francis ကိုတွေ့ရစဉ်။ (အောက်တိုဘာ ၅၊ ၂၀၁၄)
သာသနာဆိုင်ရာ အစည်းအဝေးမှာ ပုပ် Francis ကိုတွေ့ရစဉ်။ (အောက်တိုဘာ ၅၊ ၂၀၁၄)

Roman Catholic အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်ပြီး ကမ္ဘာတဝန်းက Bishop ဘုန်းကြီး ၂၀၀ ကျော်နဲ့ သာသနာရေးဆိုင်ရာ
အစည်းအဝေးပွဲကြီးကို Vatican မှာ ကျင်းပနေကြပါတယ်။

သီတင်း ၂ ပတ်ကြာမယ့် အစည်းအဝေးပွဲကြီးမှာ Roman Catholic ဘာသာဝင်တွေအတွက် အငြင်းပွားစရာဖြစ်တဲ့ ပဋိသန္ဓေတားဆီးရေးကိစ္စ၊ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စ၊ လိင်တူစုံမက်သူတွေအပေါ်သဘောထားနဲ့ လင်မယားကွာရှင်းတဲ့ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ညွှန်ကြားချက်နဲ့ ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာတဝန်းမှာ ရှိကြတဲ့ Catholic ဘာသာဝင်တွေကို စစ်တမ်းကောက်ခဲ့တာမှာ ပဋိသန္ဓေတားတဲ့ကိစ္စ၊ အိမ်ထောင်မပြုမီ လိင်ဆက်ဆံတဲ့ကိစ္စနဲ့ လိင်တူစုံမက်သူတွေကို လက်မခံတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အသင်းတော်ရဲ့ အဆုံးအမတွေကို တော်တော်များများက လျစ်လျူရှုထားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် Catholic ဘာသာဝင်တွေရဲ့ သဘောထားတွေကို Bishop ဘုန်းတော်ကြီးတွေ နားထောင်စေချင်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က သာသနာ့စည်းဝေးပွဲ မတိုင်ခင် စနေနေ့က ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ပုပ်ရဟန်းမင်းကြီးတာဝန်ကိုယူပြီး ၁ နှစ်ကျော်ပဲရှိချိန်မှာ မိသားစုတွေရဲ့ အနာဂါတ်နဲ့ ခြိမ်းခြောက်မှုတွေကိုအာရုံစိုက်နေတဲ့
စည်းဝေးပွဲကြီးဟာ ပုပ်ရဟန်းမင်းကြီးရဲ့ Roman Catholic အသင်းတော်အပေါ် ဦးဆောင်မှုကို စမ်းသပ်မှုအဖြစ် လေ့လလာသူတွေက မြင်နေကြပါတယ်။

သီတင်း ၂ ပတ်ကြာစည်းဝေးပွဲပြီးသွားရင် နောက် ၁ နှစ်အကြာမှာ Bishop ဘုန်းတော်ကြီးတွေ ထပ်ဆုံတွေ့ပြီး အခုဆွေးနွေးထားတဲ့ကိစ္စတွေကို ပြန်လည် သုံးသပ်ကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG