လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။