သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္ျခားေစာင့္တပ္ျဖစ္ေရး စစ္ေကာင္စီကမ္းလွမ္းခ်က္အေပၚ NCA လက္မွတ္ထိုးအဖြဲ႔ေတြ တုံ႔ျပန္ခ်က္


ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္

[[Zawgyi/Unicode]]

အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ လက္နက္ ဆက္ကိုင္ခ်င္တယ္ဆိုရင္ တပ္မေတာ္နဲ႔ နယ္ျခားေစာင့္ တပ္မွာ ဝင္ေရာက္ တာဝန္ထမ္းေဆာင္ဖို႔ ခြင့္ျပဳမယ္ဆိုတဲ့ စစ္ေကာင္စီအႀကီးအကဲရဲ႕ ေျပာဆိုခ်က္ကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ သုံးသပ္သူေတြ သတိထား တုံ႔ျပန္ေနၾကပါတယ္။ ျမန္မာစစ္ေကာင္စီဘက္က သေဘာထားဟာ NCA လက္မွတ္ ေရးထိုးထားတဲ့အဖြဲ႔ေတြေရာ၊ မထိုးေသးတဲ့အဖြဲ႔ေတြအတြက္ပါ အခက္ အခဲရွိႏိုင္ေၾကာင္း ႏိုင္ငံေရးေလ့လာသူတခ်ဳိ႕ သုံးသပ္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

ျငိမ္းခ်မ္းေရးအေကာင္အထည္ေဖာ္တာနဲ႔ ပတ္သက္ၿပီး ဒီလ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာက်င္းပတဲ့ ျပည္ေထာင္စုအစိုးရအဖြဲ႔ အစည္းေဝးမွာ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႔ေတြနဲ႔ NCA လက္မွတ္ ေရးထိုးႏိုင္ဖို႔ အႀကိမ္ႀကိမ္ ေဆြးေႏြးသြားမွာျဖစ္သလို လက္မွတ္ေရးထိုးၿပီး လက္နက္ဆက္ကိုင္ခ်င္တယ္ဆိုရင္ တပ္မေတာ္ ဒါမွမဟုတ္ နယ္ျခားေစာင့္တပ္ေတြမွာ ေဆာင္႐ြက္ခြင့္ေပးမွာျဖစ္ေၾကာင္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုသြားတာပါ။

တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔တခ်ဳိ႕က ျမန္မာစစ္တပ္ ဒါမွမဟုတ္ နယ္ျခားေစာင့္တပ္အျဖစ္ ေျပာင္းလဲဖို႔ သူတို႔ဘက္က အဆင့္သင့္ မျဖစ္ေသးဘူးလို႔ တုံ႔ျပန္ပါတယ္။

၂၁ ရာစုပင္လုံအစည္းအေဝးမွာ Security Sector လုံၿခဳံေရးက႑နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ထားတာမရွိေသးတဲ့အေၾကာင္း NCA လက္မွတ္ ေရးထိုးအဖြဲ႕ေတြရဲ႕ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ နန္းယဥ္ယဥ္စိုးက VOA ကို ေျပာပါတယ္။

“ ေလာေလာဆယ္ PPST မွာေတာ့ မရွိေသးဘူး။ ၿပီးခဲ့တဲ့ NCA Process မွာ Security Sector က က်မတို႔ ဘာမွ သေဘာတူညီမႈ ရထားတာမရွိေသးဘူး။ Union Accord 1, 2, 3 မွာ ဆိုရင္လည္း ဒါ က်မတို႔ ဘာမွ သေဘာတူညီမႈ ရထားတာ မရွိေသးဘူးေပါ့ေနာ္။ PPST အေနနဲ႔ မွတ္ခ်က္ ေပးရမယ္ဆိုရင္ ေလာေလာဆယ္ အဲဒါေတြကေတာ့ တဖြဲ႕ခ်င္းနဲ႔ပဲ ဆိုင္မယ္နဲ႔ တူတယ္ေပါ့ေနာ္။”

PPSTဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၁၀ ဖြဲ႔နဲ႔ စုဖြဲ႔ခဲ့ၿပီး NCA အရ ျဖစ္ေပၚလာတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လုံအစည္းအေဝးေတြကို ပါဝင္တက္ေရာက္ေနတဲ့ အဖြဲ႔လည္းျဖစ္ပါတယ္။

NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္မေရးထိုးေသးတဲ့ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးစိုင္းဖုန္းဟန္ကေတာ့ ႏိုင္ငံေရးကိစၥေတြ သေဘာတူညီမွ လုံၿခဳံေရးက႑ကို ေဆြးေႏြးႏိုင္မယ္လို႔ ျမင္ေၾကာင္း ေျပာပါတယ္။

“ ႏွစ္ေပါင္း ၇၀ ေက်ာ္ ျပႆနာက ဒါ ႏိုင္ငံေရးျပႆနာျဖစ္တယ္။ ဆိုေတာ့ ႏိုင္ငံေရးအေျခအေနကို ေျဖရွင္းၿပီးမွပဲ လုံၿခဳံေရးကို ဘယ္လိုလုပ္ၾကမလဲဆိုတာ ဒုတိယအဆင့္အေနနဲ႔ သြားရမွာပါ။ ႏိုင္ငံေရးျပႆနာက ၁၉၄၇ ကေန ျပန္သြားရမွာျဖစ္ တယ္။ က်ေနာ္တို႔က ပင္လုံနဲ႔ ၁၉၆၁ ျပည္နယ္ေပါင္းစုံ ေတာင္ႀကီးညီလာခံက ကိစၥကို စြဲကိုင္ၿပီးေတာ့ ေျပာလာတာျဖစ္တယ္။ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကို ေျဖရွင္းႏိုင္တယ္ဆိုလို႔ရွိရင္ အကုန္လုံးက ေျပလည္သြားလိမ့္မယ္လို႔ က်ေနာ္တို႔က ယုံၾကည္ပါတယ္ဗ်။”

ၿပီးခဲ့တဲ့ ဧၿပီလကေတာ့ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြေရာ၊ မထိုးထားတဲ့ အဖြဲ႔ေတြပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ စစ္ေကာင္စီက ကမ္းလွမ္းခဲ့ရာမွာ လက္မွတ္ထိုး အဖြဲ႔က ၇ ဖြဲ႔နဲ႔ မထိုးတဲ့အဖြဲ႔က ၃ ဖြဲ႔၊ ေပါင္း ၁၀ ဖြဲ႕က လက္ခံေဆြးေႏြးခဲ့ပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ေျပာဆိုခ်က္ဟာ လက္ရွိေဆြးေႏြးေနနဲ႔ အဖြဲ႔ေတြရဲ႕ တင္ျပခ်က္ အေပၚမွာ အေျခခံၿပီး ေျပာဆိုတာမ်ဳိး ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ပါတယ္။

ဒါေပမယ့္လည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအားလုံးကို ၿခဳံၿပီး ေျပာဆိုတာမ်ဳိးေတာ့ မျဖစ္သင့္ဘူးလို႔ သုံးသပ္ပါတယ္။

“ၿခဳံၿပီးေတာ့ NCA မထိုးရေသးတဲ့အဖြဲ႕၊ ထိုးၿပီးသားအဖြဲ႕ေတြကို ေျပာတာမ်ိဳးဆိုရင္ေတာ့ ေတာ္ေတာ္မွားသြားၿပီေပါ့ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ NCA ၿငိမ္းခ်မ္းေရး လက္မွတ္ထိုးၿပီးတဲ့အခါက်ေတာ့ ဖက္ဒရယ္စနစ္တည္ေဆာက္ဖို႔အတြက္ အေျခခံဥပေဒမွာ ဘာေတြ ျပင္ရမလဲ၊ ဘာေတြျဖစ္ရမလဲဆိုတာကို အဓိက ေဆြးေႏြးေနၾကတာ။ အဲဒါေဆြးေႏြးရင္းနဲ႔မွ တပ္ေတြ အသြင္ေျပာင္းေရးကိစၥကို လုပ္ရမွာ။ အဲဒါက NCA စာခ်ဳပ္ထဲမွာလည္း ရွင္းရွင္းလင္းလင္းပါၿပီးသား။ နားလည္မႈေတြ လြဲမွားသြားလို႔ ရွိရင္ေတာ့ NCA မထိုးတဲ့အဖြဲ႕အစည္းေတြကလည္း မထိုးေတာ့ဘူးေပါ့ဗ်ာ။ ထိုးၿပီးသားအဖြဲ႕ေတြထဲမွာကလည္း ျပန္ၿပီးေတာ့ အဓိပၸါယ္ဖြင့္ဆိုေပးဖို႔ ထပ္ၿပီးေတာ့ ေတာင္းဆိုတာေတြ ျဖစ္လာႏိုင္တာေ့ပါ့။”

လက္ရွိအေျခအေနမွာေတာ့ NCA လက္မွတ္ ေရးထိုးတားတဲ့ ကရင္၊ ခ်င္းစတဲ့တပ္ဖြဲ႕ေတြအျပင္ လက္မွတ္မထိုးေသးတဲ့ ကခ်င္၊ ကရင္နီ၊ AA ရခိုင္၊ တအန္း (ပေလာင္) နဲ႔ ကိုးကန႔္တပ္ဖြဲ႕ေတြ နဲ႔ စစ္ေကာင္စီအၾကားမွာ စစ္ေရးပဋိပကၡေတြ ႀကီးထြားေနပါတယ္။

တခ်ိန္တည္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျမန္မာႏိုင္ငံအလယ္ပိုင္းက PDF တပ္ဖြဲ႕ေတြၾကားမွာလည္း တိုက္ပြဲေတြ ေန႔စဥ္ဆိုသလို ျဖစ္ပြားေနပါတယ္။

ဒါေၾကာင့္လည္း အပစ္အခတ္ရပ္စဲေရးလက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ အမ်ားစု ျမန္မာစစ္တပ္နဲ႔ နယ္ျခားေစာင့္အဖြဲ႕ေတြမွာ ပါဝင္လာဖို႔ဆိုတဲ့ ကိစၥက လက္ေတြ႕မက်တဲ့ကိစၥတခုအျဖစ္ တိုင္းရင္သားေတြနဲ႔ သုံးသပ္သူေတြ တုံ႔ျပန္ေျပာဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

နယ်ခြားစောင့်တပ်ဖြစ်ရေး စစ်ကောင်စီကမ်းလှမ်းချက်အပေါ် NCA လက်မှတ်ထိုးအဖွဲ့တွေ တုံ့ပြန်ချက်

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက် ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော်နဲ့ နယ်ခြားစောင့် တပ်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုမယ်ဆိုတဲ့ စစ်ကောင်စီအကြီးအကဲရဲ့ ပြောဆိုချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သုံးသပ်သူတွေ သတိထား တုံ့ပြန်နေကြပါတယ်။ မြန်မာစစ်ကောင်စီဘက်က သဘောထားဟာ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ မထိုးသေးတဲ့အဖွဲ့တွေအတွက်ပါ အခက် အခဲရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့ သုံးသပ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ငြိမ်းချမ်းရေးအကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ဒီလ ၂၂ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ် ရေးထိုးနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုးပြီး လက်နက်ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေမှာ ဆောင်ရွက်ခွင့်ပေးမှာဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသွားတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က မြန်မာစစ်တပ် ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ သူတို့ဘက်က အဆင့်သင့် မဖြစ်သေးဘူးလို့ တုံ့ပြန်ပါတယ်။

၂၁ ရာစုပင်လုံအစည်းအဝေးမှာ Security Sector လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတာမရှိသေးတဲ့အကြောင်း NCA လက်မှတ် ရေးထိုးအဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက VOA ကို ပြောပါတယ်။

“လောလောဆယ် PPST မှာတော့ မရှိသေးဘူး။ ပြီးခဲ့တဲ့ NCA Process မှာ Security Sector က ကျမတို့ ဘာမှ သဘောတူညီမှု ရထားတာမရှိသေးဘူး။ Union Accord 1, 2, 3 မှာ ဆိုရင်လည်း ဒါ ကျမတို့ ဘာမှ သဘောတူညီမှု ရထားတာ မရှိသေးဘူးပေါ့နော်။ PPST အနေနဲ့ မှတ်ချက် ပေးရမယ်ဆိုရင် လောလောဆယ် အဲဒါတွေကတော့ တဖွဲ့ချင်းနဲ့ပဲ ဆိုင်မယ်နဲ့ တူတယ်ပေါ့နော်။”

PPSTဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ စုဖွဲ့ခဲ့ပြီး NCA အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံအစည်းအဝေးတွေကို ပါဝင်တက်ရောက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ နိုင်ငံရေးကိစ္စတွေ သဘောတူညီမှ လုံခြုံရေးကဏ္ဍကို ဆွေးနွေးနိုင်မယ်လို့ မြင်ကြောင်း ပြောပါတယ်။

“ နှစ်ပေါင်း ၇၀ ကျော် ပြဿနာက ဒါ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအခြေအနေကို ဖြေရှင်းပြီးမှပဲ လုံခြုံရေးကို ဘယ်လိုလုပ်ကြမလဲဆိုတာ ဒုတိယအဆင့်အနေနဲ့ သွားရမှာပါ။ နိုင်ငံရေးပြဿနာက ၁၉၄၇ ကနေ ပြန်သွားရမှာဖြစ် တယ်။ ကျနော်တို့က ပင်လုံနဲ့ ၁၉၆၁ ပြည်နယ်ပေါင်းစုံ တောင်ကြီးညီလာခံက ကိစ္စကို စွဲကိုင်ပြီးတော့ ပြောလာတာဖြစ်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို ဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် အကုန်လုံးက ပြေလည်သွားလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်ဗျ။”

ပြီးခဲ့တဲ့ ဧပြီလကတော့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ မထိုးထားတဲ့ အဖွဲ့တွေပါ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ရာမှာ လက်မှတ်ထိုး အဖွဲ့က ၇ ဖွဲ့နဲ့ မထိုးတဲ့အဖွဲ့က ၃ ဖွဲ့၊ ပေါင်း ၁၀ ဖွဲ့က လက်ခံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ဟာ လက်ရှိဆွေးနွေးနေနဲ့ အဖွဲ့တွေရဲ့ တင်ပြချက် အပေါ်မှာ အခြေခံပြီး ပြောဆိုတာမျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ခြုံပြီး ပြောဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ သုံးသပ်ပါတယ်။

“ခြုံပြီးတော့ NCA မထိုးရသေးတဲ့အဖွဲ့၊ ထိုးပြီးသားအဖွဲ့တွေကို ပြောတာမျိုးဆိုရင်တော့ တော်တော်မှားသွားပြီပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတဲ့အခါကျတော့ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့အတွက် အခြေခံဥပဒေမှာ ဘာတွေ ပြင်ရမလဲ၊ ဘာတွေဖြစ်ရမလဲဆိုတာကို အဓိက ဆွေးနွေးနေကြတာ။ အဲဒါဆွေးနွေးရင်းနဲ့မှ တပ်တွေ အသွင်ပြောင်းရေးကိစ္စကို လုပ်ရမှာ။ အဲဒါက NCA စာချုပ်ထဲမှာလည်း ရှင်းရှင်းလင်းလင်းပါပြီးသား။ နားလည်မှုတွေ လွဲမှားသွားလို့ ရှိရင်တော့ NCA မထိုးတဲ့အဖွဲ့အစည်းတွေကလည်း မထိုးတော့ဘူးပေါ့ဗျာ။ ထိုးပြီးသားအဖွဲ့တွေထဲမှာကလည်း ပြန်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ ထပ်ပြီးတော့ တောင်းဆိုတာတွေ ဖြစ်လာနိုင်တာေ့ပါ့။”

လက်ရှိအခြေအနေမှာတော့ NCA လက်မှတ် ရေးထိုးတားတဲ့ ကရင်၊ ချင်းစတဲ့တပ်ဖွဲ့တွေအပြင် လက်မှတ်မထိုးသေးတဲ့ ကချင်၊ ကရင်နီ၊ AA ရခိုင်၊ တအန်း (ပလောင်) နဲ့ ကိုးကန့်တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီအကြားမှာ စစ်ရေးပဋိပက္ခတွေ ကြီးထွားနေပါတယ်။

တချိန်တည်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက PDF တပ်ဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။

ဒါကြောင့်လည်း အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစု မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်အဖွဲ့တွေမှာ ပါဝင်လာဖို့ဆိုတဲ့ ကိစ္စက လက်တွေ့မကျတဲ့ကိစ္စတခုအဖြစ် တိုင်းရင်သားတွေနဲ့ သုံးသပ်သူတွေ တုံ့ပြန်ပြောဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG