သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အနိုင်ရတဲ့ တနင်္ဂနွေ ပရီးမီးယားလိဂ်ပွဲများ


ဘန်လေကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရိသတ်ကို နှုတ်ဆက်နေသည့် Arsene Wenger ။ ၆ မေ ၂၀၁၈။
ဘန်လေကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရိသတ်ကို နှုတ်ဆက်နေသည့် Arsene Wenger ။ ၆ မေ ၂၀၁၈။

တနင်္ဂနွေနေ့ကကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ အာဆင်နယ်လ်အသင်းက အိမ်ကွင်းမှာ ဘန်လေကို ၅ ဂိုး ဂိုးမရှိနဲ့ အပြတ် အသတ်အနိုင်ရသွားပါတယ်။

ဒီပွဲဟာ အာဆင်နယ်မန်နေဂျာ Arsene Wenger အနေနဲ့ မန်နေဂျာဘဝက အနားမယူခင် အိမ်ကွင်းနောက်ဆုံးပွဲဖြစ်ပြီး ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက် အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ အခိုင်အမာ ရပ်တည်သွားနိုင်ပြီဖြစ်ပါတယ်။

အမှတ်ပေးဇယား အဆင့် ၅ မှာရှိနေတဲ့ ချယ်လ်ဆီးအသင်းကတော့ အမှတ်ပေးဇယား အဆင့် ၃ မှာရှိနေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကန်ဖို့ရှိနေတဲ့ လီဗာပူးလ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။

ချယ်လ်ဆီးအတွင် ၁ လုံးတည်းသောအနိုင်ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် Antonio Rudiger နှင့် ပရိသတ်။ ၆ မေ၂၀၁၈။
ချယ်လ်ဆီးအတွင် ၁ လုံးတည်းသောအနိုင်ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် Antonio Rudiger နှင့် ပရိသတ်။ ၆ မေ၂၀၁၈။

ချယ်လ်ဆီးအနေနဲ့ ဒီပွဲကို အနိုင်ရလိုက်တာကြောင့် အနိမ့်ဆုံးအဆင့် အမှတ်ပေးဇယား အဆင့် ၄ ကိုဝင်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဖလား ဝင်ခွင့်ရအောင်ကြိုးစားဖို့ အားတက်သွားစေပါတယ်။

လက်ရှိ အဆင့် ၄ မှာရှိနေတဲ့ တော်တမ်ဟမ်အသင်းနဲ့ ချယ်လ်ဆီးကြား ပွဲအရေအတွက် တူ ၂ မှတ်ပဲကွာတော့သလို အဆင့် ၃ မှာရှိနေတဲ့ လီဗာပူးလ်နဲ့လည်း ၃ မှတ်ပဲကွာပြီး ပွဲအရေအတွက်က တပွဲလျော့နေသေးတာကြောင့်လည်း ချယ်လ်ဆီးအတွက် အားတက် စရာဖြစ်စေတာပါ။

ဖလားရထားပြီးဖြစ်တဲ့ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ သရေကျသွားပါတယ်။ ဒါပေမဲ့လည်း မန်စီးတီး ဟာ ဒုတိယနေရာက မန်ချက်စတာ ယူနိုက်တက်အသင်းကို ၁၇ မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား ရအပြီး အောင်ပွဲခံနေသည့် မန်စီးတီးနည်းပြ Pep Guardiola နှင့် အသင်းသားများ။ ၆ မေ ၂၀၁၈။
ပရီးမီးယားလိဂ်ဖလား ရအပြီး အောင်ပွဲခံနေသည့် မန်စီးတီးနည်းပြ Pep Guardiola နှင့် အသင်းသားများ။ ၆ မေ ၂၀၁၈။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG