သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump လုပ်ကြံတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Biden ပြင်းထန်စွာရှုတ်ချ

သမ္မတဟောင်း Donald Trump အား လုပ်ကြံတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြောဆို (REUTERS/Tom Brenner)
သမ္မတဟောင်း Donald Trump အား လုပ်ကြံတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြောဆို (REUTERS/Tom Brenner)

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကို တနိုင်ငံလုံးက ပြစ်တင်ရှုတ်ချကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေအတွက် အမေရိကန်နိုင်ငံအတွင်းမှာ နေရာမရှိပါဘူး။ ဒါဟာ ရွံစရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒီလိုဖြစ်ရပ်မျိုးကြောင့် ကျနော်တို့တွေအားလုံး စည်းလုံးညီညွတ်သင့်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ကျနော်တို့ လက်မခံသင့်ပါဘူး။ ဒါမျိုးကို ကျနော်တို့ ခွင့်မလွှတ်သင့်ပါဘူး” လို့ သမ္မတ Biden က ပြောသွားတာပါ။

သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့အပြင် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Barack Obama နဲ့ George W. Bush တို့ကလည်း နိုင်ငံရေးမှာ အခုလို အကြမ်းဖက်လုပ်ရပ်နဲ့ လုပ်ဆောင်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

စနေနေ့ညဉ့်နှောင်းပိုင်းက သမ္မတ Biden က သမ္မတဟောင်း Trump ကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပေမယ့် ပြောဆိုတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်ကြောင့် Delaware ပြည်နယ်က သူ့ကိုယ်ပိုင်အိမ်မှာ ဆက်နေမယ့်အစီအစဉ်ကို ဖျက်ပြီး သမ္မတ Biden ဟာ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ အစောပိုင်းမှာ ဝါရှင်တန်က သမ္မတအိမ်ဖြူတော်ကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

This item is part of

Forum

XS
SM
MD
LG