သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ ရက်တရာပြည့် မိန့်ခွန်း


Donald Trump သမ္မတ တာဝန်ယူတဲ့ ပထမ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် လူထုစည်းဝေးပွဲ။
Donald Trump သမ္မတ တာဝန်ယူတဲ့ ပထမ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် လူထုစည်းဝေးပွဲ။

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ဖြစ်တဲ့ ပါရီ သဘောတူညီချက် အပေါ်မှာ လာမယ့် သတင်း ၂ ပတ် အတွင်း ဆုံးဖြတ်ကြီး တရပ် ချမှတ်မယ်လို့ အမေရိကန် သမ္မတ Doanld Trump က ကတိပြု ပြောဆိုပါတယ်။ သမ္မတ တာဝန်ယူတဲ့ ပထမ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ မနေ့ စနေနေ့ ညနေခင်းမှာ Pennsylvania ပြည်နယ် Harrisburg မှာ ပြုလုပ်တဲ့ လူထု စည်းဝေးပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ လူ တသောင်းလောက် ဆန့်တဲ့ ခန်းမကြီမှာ ကျင်းပတဲ့ သမ္မတရဲ့ လူထု စည်းရုံးပွဲမှာတော့ ထောက်ခံသူတွေက အမေရိကန် ပြည်ထောင်စုရဲ့ အတိုကောက် စကားလုံး ဖြစ်တဲ့ USA လို့ အော်ဟစ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

သမ္မတ မိန့်ခွန်းပြောနေချိန်မှာဘဲ ဆန္ဒပြသူ တဦးကိုလည်း လူထုကြားနေ ဆွဲထုတ်သွားခဲ့ပါတယ်။ သူ့ကို အပြင်ထုတ်လိုက်ပါလို့ သမ္မတက ပြောဆိုခဲ့သလို လူထုကြီးကလည်း သြဘာပေးခဲ့ကြပါတယ်။ မြို့တော် ဝါရှင်တန်မှာ ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်းရဲ့ ညစာစားပွဲကို မတက်ဘဲ တချိန်တည်းမှာ လူထု စည်းရုံးပွဲ ကျင်းပခဲ့တာပါ။ သမ္မတရဲ့ မိန့်ခွန်းကို သတင်းရယူနေတဲ့ မီဒီယာတွေ နေရာယူထားတာဘက်ကို ညွှန်ပြပြီး ဒီနောက်က မီဒီယာတွေကို ကြည့်ပါ။

တကယ်တန်း သူတို့က ဒီမှာ ရှိနေရမှာလို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ Trump က ရုပ်သံ မီဒီယာ ၂ ခုကို နာမည်တပ်ပြီး အလိမ်အညာ သတင်းတွေလို့ စွပ်စွဲ ပြောဆိုတဲ့ အခါမှာလည်း လူထုကြီးက လှောင်ပြောင်ခဲ့ကြပြီး သမ္မတကို သြဘာပေးခဲ့ကြပါတယ်။ သူ့ရဲ့ ပထမ ရက် ၁၀၀ အပေါ် မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေက အလွန်အင်မတန် ညံ့ဖျင်းခဲ့တယ်လို့လည်း သမ္မတက ပြောဆိုခဲ့တာပါ။

ပထမ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ခဲ့တာတွေကိုလည်း သမ္မတက ပြောဆိုခဲ့ပြီး သိပ်ပြီး စိတ်လှုပ်ရှားဖွယ်ရာနဲ့ အလုပ်ဖြစ်ခဲ့တဲ့ ကာလ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျောက်မီးသွေး တူးဖော်ရေး လုပ်သားတွေ အလုပ်ပြန်လုပ်နိုင်တယ်၊ သံမဏိနဲ့ အလူမီနီယံ အလုပ်မသားတွေကို အကာအကွယ်ပေးခဲ့ပြီး အလုပ်အကိုင်တွေ ဆုံးရှုံးစေတဲ့ လုပ်ထုံး လုပ်နည်းတွေကို ပယ်ဖျက်ပစ်ခဲ့တယ်လို့ သမ္မတက ပြောဆိုသွားပါတယ်။

သမ္မတ Trump ရဲ့ ရက်တရာပြည့် မိန့်ခွန်း
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG