သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်
လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်
လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက် ခက်ခဲတဲ့ ရက်တွေကို ရင်ဆိုင်နေရပေမဲ့ ကမ္ဘာကြီးအတွက်နဲ့ တခြားသူတွေရဲ့ လွတ်မြောက်ရေးအတွက် အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ပြောခဲ့ပါတယ်။

လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Christopher Stevens နဲ့ သံဝန်ထမ်း ၃ ယောက် တို့ရဲ့ အလောင်းတွေ Washington မြို့တော်နားမှာရှိတဲ့ လေတပ် အခြေစိုက်စခန်းဆီ သောကြာနေ့က ပြန်ရောက်လာတဲ့ အခမ်းအနားကို ဒုတိယသမ္မတ Joe Biden, နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့လဲ တက်ရောက်ခဲ့ကြပါတယ်၊ တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ရုပ်ရှင်အပေါ် မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေက Benghazi မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြကြရင်း အမေရိကန် သံတမန် ၄ ယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်သံရုံးဥပစာကို အကြမ်းဖက်တာဟာ ဘယ်လိုမှကို လက်မခံနိုင်ဘူးလို့ သေဆုံးသွား ၄ ယောက်ကို ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Clinton က ပြောကြားခဲ့ပါတယ်၊ Egypt, Libya, Yemen, နဲ့ Tunisia ပြည်သူတွေဟာ လူအုပ်စု အကြမ်းဖက်မှုဝါဒကို လိုချင်လို့ အာဏာရှင် အစိုးရတွေကို ဖြုတ်ချခဲ့ကြတာမဟုတ်ဘူးလို့ ဝန်ကြီး Clinton ကပြောပါတယ်၊ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ ရုပ်ရှင်ဟာ အင်မတန်မှ ဆိုးဝါးလှတယ်၊ ဒါဟာ အမေရိကန်နဲ့ ဘာမှ မပတ်သက်ဘူးလို့လဲ ပြောကြားခဲ့ပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG