သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်အရာရှိချုပ်နေရာ လက်ရှိအမိမြေလုံခြုံရေးဝန်ကြီး John Kelly ကို အစားထိုး ခန့်အပ်


သမ္မတ Trump နဲ့အမေရိကန်ပြည်ထောင်စုရဲ့ မရိန်းတပ်ဖွဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး John Kelly (မေ ၂၀၁၇)
သမ္မတ Trump နဲ့အမေရိကန်ပြည်ထောင်စုရဲ့ မရိန်းတပ်ဖွဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး John Kelly (မေ ၂၀၁၇)

ရာထူးကနေနုတ်ထွက်သွားတဲ့ အိမ်ဖြူတော်အရာရှိချုပ် Reince Priebus နေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မရိန်းတပ်ဖွဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး John Kelly ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ Reince Priebus ဟာ သမ္မတ Donald Trump ရဲ့ ဘေးဖယ်ထားခြင်းကို ခံခဲ့ရပြီး ဒီတပတ်အတွင်းမှာလည်း အိမ်ဖြူတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူး အသစ်က သူ့ကို ဂယောင်ခြောက်ခြားဖြစ်နေတဲ့၊ စိတ္တဇဝေဒနာသည်တဦးအဖြစ် လူသိရှင်ကြား ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီးတော့ သမ္မတနဲ့ Reince တို့က ဒီကစ္စနဲ့ပတ်သက်ပြီး စကားပြောဆိုမှုတွေ စတင်ခဲ့တာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က သတင်းထောက်တွေကို သောကြာနေ့ ညနေမှာ ပြောဆိုခဲ့ပါတယ်။

Priebus ကတော့ သူရာထူးကနေ နုတ်ထွက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ သမ္မတဟာ မတူညီတဲ့ တခြားလမ်းကြောင်းကနေ သွားချင်နေတဲ့ သဘောထားရှိတယ်လို့CNN သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။ သူနုတ်ထွက်ကြောင်းစာကို ကြာဿပတေးနေ့က သမ္မတဆီကိုပေးအပ်ခဲ့တာဖြစ်ပေမယ့် သောကြာနေ့ နေ့လယ်ပိုင်းလောက်ကမှ သမ္မတ Trump က သူ့ရဲ့ လူမှုကွန်ယက် Twitter ပေါ်မှာ ထုတ်ဖော်ရေးသားခဲ့ရာက လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။ အိမ်ဖြူတော်အရာရှိချုပ်အဖြစ် အခုခန့်အပ်လိုက်တဲ့ John Kelly ဟာ မစ္စတာ Reince Priebus ထက် ပိုပြီး လုပ်ပိုင်ခွင့်အာဏာရထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG