သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ တွေ့ဆုံမည်

ရွေးကောက်ပွဲအပြီး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ အားလုံး တွေ့ဆုံဆွေးနွေးပွဲ ကို နိုဝင်ဘာလ (၁၅) ရက် တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးဖို့ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် နာယကတို့ကို ဖိတ်ခေါ်ထားချိန် အတောအတွင်း အခုလို သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုင်ငံရေးပါတီ စုစုပေါင်း (၉၁) ပါတီနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်မှတ်နဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဖိတ်စာထဲမှာတော့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများဟာ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို နိုင်ငံရေးပါတီတွေနဲ့ ရှင်းလင်းတင်ပြ အပြန်အလှန် ဆွေးနွေးလိုပါသဖြင့် ဆိုပြီး ဖော်ပြထားပါတယ်။ ဆွေးနွေးပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီစီစဉ်ပေးတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေ ကတော့ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ထင်တာတော့ အခု ၉၁ ပါတီက ၁ ပါတီ ၂ ယောက် ခေါင်းဆောင်တွေ မနက်ဖြန်မနက် ၉ နာရီခွဲ၊ ၁၀ နာရီမှာ ရန်ကုန်တိုင်းအစိုးရရဲ့ ခန်းမမှာ သမ္မတနဲ့ တွေ့မယ်။ အခါတိုင်းပွဲတွေမှာတော့ သမ္မတဘက်ကနေပြီးတော့ အဖွင့်ပြောတယ်။ နိုင်ငံရေးပါတီတွေက အပြန်အလှန် ဆွေးနွေးတယ်။ နောက်ဆုံးမှာ သမ္မတက အပိတ်ပြောတာမျိုးနဲ့ ကြုံတော့ အခုကလည်း လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကိစ္စဆိုရင်တော့ ရွေးကောက်ပွဲနဲ့ အခြားကိစ္စရပ်တွေ ပြောမယ်လို့တော့ ကျနော်တို့ အဲ့လိုပဲ ထင်မိပါတယ်ဗျ။”

ဆွေးနွေးပွဲကို ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ နှစ်ဦး တက်ရောက်မှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့ပဲ နေပြည်တော် ထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီအစည်းအဝေးမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ ၂ ဦး တက်ပါလိမ့်မယ်။”

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် နာယကတို့ကို ဖိတ်ခေါ်ထားချိန်မှာ အခုလို သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီတွေနဲ့ အရင်ဆုံး တွေ့ဆုံတာနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေအချို့မှာ အနိုင်ရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အမှန်တော့ အနိုင်ရပါတီခေါင်းဆောင်နဲ့ သူ အရင် တွေ့သင့်တယ်ပေါ့နော်။ ပြီးတော့မှပဲ နိုင်ငံရေးပါတီ အသီးသီးနဲ့ ထပ်မံပြီး တွေ့ဆုံဖို့ လိုအပ်တယ်လို့တော့ ထင်ပါတယ်။ ကျနော်တို့ဘက်ကတော့ တင်ပြခွင့် ရတယ်ဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ရှမ်းပြည်နယ်အလယ်ပိုင်းက တိုက်ပွဲတွေ ကိစ္စပေါ့နော်။ အဲဒီကိစ္စကို အဓိကထားပြီးတော့ ဆွေးနွေးသွားဖို့ပဲ ရှိပါတယ်။”

တနင်္ဂနွေနေ့မှာကျင်းပမယ့် သမ္မတနဲ့ တွေ့ဆုံပွဲဟာ နိုင်ငံရေးပါတီတွေနဲ့ သာမန်တွေ့ဆုံပွဲလို့ပဲ မြင်တဲ့အကြောင်း NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သမ္မတကတော့ သူ့ရဲ့ တွေ့နေကြအတိုင်းပဲ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးတာကတော့ အခါတိုင်းလည်း လုပ်နေကြပါပဲ။ ဆက်စပ်မှု မရှိပါဘူး။ ဆက်စပ်မှုရှိတယ်ဆိုရင်တော့ ကြီးလေးကြီး စကားပြောပွဲနဲ့ပဲ ဆက်စပ်မှု ရှိပါလိမ့်မယ်။ ရှေ့နိုင်ငံရေး အလားအလာတွေကတော့ တပ်ချုပ်၊ သမ္မတ၊ ဦးရွှေမန်း၊ ဒေါ်စု အဲဒီလေးယောက် တွေ့ဆုံပွဲကသာ ဒီရှေ့နိုင်ငံရေး အလားအလာကို ဆုံးဖြတ်သွားပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ သမိုင်းဝင်မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် နိုင်ငံရေးပါတီတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံပွဲမှာ သူအာဏာရခဲ့တဲ့ သက်တမ်းကာလအတွင်း နိုင်ငံအပြောင်းအလဲအတွက် ဆောင်ရွက်ချက်တွေကို သမ္မတအနေနဲ့ ပြောဆိုမှာဖြစ်တယ်လို့ တက်ရောက်မယ့် နိုင်ငံရေးပါတီတွေက ခန့်မှန်း သုံးသပ်ထားပါတယ်ရှင်။

ရွေးကောက်ပွဲအပြီး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီအားလုံး တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၅) ရက် တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG