သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ရေနံစိမ်းတစည် ဒေါ်လာ ၃၀ ထက်ပိုမပေးဖို့ ယူကရိန်းတိုက်တွန်း


Russia Oil
Russia Oil

ရုရှားစီးပွားရေးကို ပိုပြီးအထိနာအောင် ရုရှားက ဝယ်ယူတဲ့ ရေနံစိမ်းတစည်ကို ဒေါ်လာ ၃၀ ထက်ပိုပြီးပေး မဝယ်သင့်ဘူးလို့ ယူကရိန်း သမ္မတရဲ့ အကြီးတန်းအကြံပေးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရုရှားရဲ့ ရေနံစိမ်းတစည်ကို ဒေါ်လာ ၆၀ ထက်မပိုဘဲ သတ်မှတ်ဝယ်ယူသွားဖို့ ကမ္ဘာ့ စက်မှုအင်အားကြီး G7 နိုင်ငံတွေနဲ့ သြစတြေးလျနိုင်ငံတို့ မနေ့သောကြာနေ့ သဘောတူညီခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒီ့ထက် လျှော့ချသတ်မှတ်သင့်တယ်ဆိုပြီး ယူကရိန်းက ပြောဆိုတာပါ။

ရုရှား ရေနံစိမ်းတစည်ကို ဈေးကွက်ပေါက်ဈေးထက် ၅ % လောက်လျှော့ပြီး ဒေါ်လာ ၆၀ အထိပဲပေးဖို့ အီးယူ ဥရောပသမဂ္ဂမှာ မနေ့က သဘောတူညီမှု ရယူခဲ့ပြီးတဲ့နောက် G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ သြစတြေးလျကလည်း အလားတူသဘောတူညီမှု ရယူခဲ့တာပါ။ ဒီသဘောတူညီချက်ကို အမေရိကန် ပြည်ထောင်စုကလည်း ကြိုဆိုပါတယ်။ အီးယူရဲ့ သဘောတူညီချက်ဟာ ယူကရိန်းကို စစ်ဆင်နေတဲ့ ရုရှားရဲ့ ဝင်ငွေတွေကို ကန့်သတ်ရာ ကျနိုင်ပြီး စစ်လက်နက်ပစ္စည်း ကုန်ကျစရိတ် မတတ်နိုင်တော့တဲ့ အခြေအနေရောက်အောင်၊ အပြစ်မဲ့ ယူကရိန်းပြည်သူတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်အောင် ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားကတော့ သူ့ရဲ့ ရေနံစိမ်းတင်ပို့မှုတွေကို အနောက်နိုင်ငံတွေက အခုလို ဈေးဖြတ်တာဟာ အန္တရာယ်များတဲ့ လုပ်ရပ်လို့ ပြောဆိုကန့်ကွက်ထားပြီး တချိန်တည်းမှာလည်း ရုရုားအတွက်ကတော့ တခြားဝယ်လိုသူတွေနဲ့ ထုတ်လုပ်မှုတွေ ပုံမှန်အတိုင်း ဆက်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ဒီကနေ့ တုံ့ပြန်ပါတယ်။

ရုရှားနိုင်ငံရဲ့ စီးပွားရေးဟာ ယူကရိန်းကျူးကျော်စစ်စခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၃ % ကျဆင်းသွားခဲ့သလို၊ လာမယ့် ၂၀၂၃ ခုနှစ်ကျရင် နောက်ထပ် ၂.၅ % ထပ်ပြီး ကျဆင်းနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ကောက်ယူတဲ့ လူထုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

==== Unicode =====





XS
SM
MD
LG