သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီးရဲ့ကြင်ယာတော် ယာဉ်မောင်းလိုင်စင်စွန့်လွှတ်


ဒုတိယမြောက် အဲလစ္စဘက် ဘုရင်မကြီးရဲ့ ကြင်ယာတော် ၉၇ နှစ်အရွယ် မင်းသားကြီး Philip
ဒုတိယမြောက် အဲလစ္စဘက် ဘုရင်မကြီးရဲ့ ကြင်ယာတော် ၉၇ နှစ်အရွယ် မင်းသားကြီး Philip

ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ ၉၇ နှစ်ရှိပြီဖြစ်တဲ့ ကြင်ယာတော် မင်းသားဖိလစ်ပ်က စနေနေ့မှာ ကားမောင်းခွင့်လိုင်စင်ကို စွန့်လိုက်ပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သတင်းမီဒီယာတွေ အာရုံစိုက် တာကို ခံခဲ့ရပြီး အသက်ဒီလောက်ကြီးတဲ့အချိန်မှာ ကားမောင်းခွင့် ပေးသင့်မပေးသင့် အငြင်းပွားခဲ့ကြတာပါ။

ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့ Land Rover ကားမှောက်ပြီးတဲ့နောက် သူ့လိုင်စင်ကို သိမ်းခွင့်ပေးဖို့ မင်းသား ဖိလစ်ပ်က ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခဲ့တာလို့ ဘက်ကင်ဟမ် နန်းတော်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မင်းသား ဖိလစ်ပ်ရဲ့ကားက Kia ကားသေးလေး တစင်းနဲ့ ညိမိသွားတဲ့အတွက် သူက ထိတ်လန့် သွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မျက်မြင်တယောက်က ပြောပါတယ်။

ဒု-အဲလစ္စဘက်ဘုရင်မရဲ့ ကြင်ယာတော် မင်းသား Philip ရဲ့ ကားတိုက်မှု မြင်ကွင်း
ဒု-အဲလစ္စဘက်ဘုရင်မရဲ့ ကြင်ယာတော် မင်းသား Philip ရဲ့ ကားတိုက်မှု မြင်ကွင်း

တိုက်မိတဲ့ Kia ကားနောက်ခန်းမှာ ၉ လ သား ကလေးတယောက်ပါခဲ့ပြီး ထိခိုက်ဒဏ်ရာ ရတာတော့ မရှိခဲ့ပါဘူး။ Kia ကားမောင်းတဲ့ အမျိုးသမီက လက်ကောက်ဝတ်ကျိုးသွားပြီး နောက်တယောက်က ဒူးပြဲသွားပါတယ်။ မီဒီယာတွေက မင်းသားဖိလစ်ပ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တဲ့အပေါ် ချက်ချင်းပဲ တောင်းပန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG